Sunday, March 6, 2011

ရန်ကုန်မြို့တွင်းမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လှုပ်ရှားမှုတွေ ပိုမို လှုပ်ရှားလာကြ

2007 september

ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားဆောင်ရွက်နေတဲ့ ကျောင်းသား လူငယ်များအင်အားစုမှ စစ် အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတခု မတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကျောင်းသားလူငယ်တွေက အဲဒီနေ့ နေ့လည်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေ ဖြစ်တဲ့ ကြည်မြင့်တိုင်၊ လသာ၊ အလုံမြို့နယ်တွေမှာ အောက်ပါအချက် သုံးချက်ဖြစ်တဲ့

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး… ဒို့အရေး
စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး… ဒို့အရေး
အမျိုးသာတန်းတူညီမျှရေး၊ သွေးစည်းရေးနှင့် ငြိမ်းချမ်းရေး… ဒို့အရေး အစရှိတဲ့ စာရွက်ငယ်တွေကို ဖြန့်ဝေခဲ့ကြတယ် လို့ သိရှိရပါတယ်။

အဆိုပါအဖွဲ့ရဲ့ ဦးဆောင်လူငယ်တဦးဖြစ်တဲ့ ကိုရန်နိုင်မှ…

“ဒီတခေါက် ကျနော်တို့လှုပ်ရှားမှုပုံစံကို အခြေနေအရ ပြောင်းပြီးတော့ လုပ်ရတယ် ဘာကြောင့်လဲဆိုတော့ ရန်ကုန်တိုင်း တတိုင်းလုံး လုံခြုံရေး အထူးတင်းကြပ်ထားလိုပဲ ဖြစ်တယ် ကျနော်တို့က ဆန့်ကျင်စာတွေကို လမ်းဘေးမှာရပ်ထားတဲ့ ကားတွေပေါ် စာရွက်တွေ လိုက်ပြီးတော့ တင်ထားလိုက်တယ်။ ကားတွေ မောင်းထွက်သွား တဲ့အခါကြတော လေတိုက် ပြီး လမ်းမပေါ်ကြဲပြီးသား ဖြစ်သွားတယ်။ အဲဒီ ပုံစံမျိုးနဲ့ လှုပ်ရှားသွားတာပါ” လို့ ပြောပြသွားပါတယ်။

ကိုရန်နိုင် ဆက်ပြောပြတာက သူတို့အဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပြီး၊ ပြည်သူလူထုအနေနဲ့လဲ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ဒီမိုကရေစီရေးတိုက်ပွဲတွေမှာ ခိုင်မာစွာနဲ့ ဆက်လက် ရပ်တည်သွားကြဖို့လိုကြောင်း ပြောပြပါတယ်။

အခုလှုပ်ရှားမှုဟာ ရန်ကုန်မြို့က ကျောင်းသားလူငယ်အင်အားစုမှ လှုပ်ရှားသွားတာဖြစ်ပြီး ဒီလိုလှုပ်ရှားမှုမျိုးကို တာမွေ ဈေးရှေ့ ညဘက် လူစီကားနေချိန်မှာ စစ်အုပ်စု ဆန့်ကျင် ရေးစာတွေကို လိုင်းကားတစီးပေါ်က ကြဲချသွားတဲ့ လှုပ်ရှားမှု တခုလဲ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။

Ref;naytthit

0 comments:

အပေါ်သို့