Sunday, March 6, 2011

မြန်မာလေယာဉ်မှူး ၂ ဦး ရုရှတွင် လေယာဉ်ပျက်ကျသေဆုံး

မတ်လ ၀၅ ရက် ၂၀၁၁ ခုနှစ်

ရုရှနိုင်ငံတောင်ပိုင်းတွင် စနေနေ့က လေယာဉ်တစီးပျက်ကျရာ မြန်မာလေယာဉ်မှူး ၂ ဦးအပါအဝင် လေယာဉ်ပေါ်ပါသူ ၆ ဦးလုံးသေဆုံးကြောင်း ရုရှသတင်းဌာန RIA Novosti သတင်းတရပ်တွင် ပါရှိသည်။

An-148 အမျိုးအစား လေယာဉ်ကို စမ်းသပ်ပျံသန်းနေစဉ် Belgorod မြို့မှ ၁၆၅ မိုင်အကွာ Garbuzovo ကျေးရွာ နေအိမ်ပန်းခြံအတွင်းပျက်ကျ သွားသည်။

မြန်မာစစ်အစိုးရက ခရီးသည် ၁ဝဝ အထိ စီးနင်းနိုင်သော An-148 အမျိုးအစား လေယာဉ်နှစ်စီး ရုရှားမှ မှာထားပြီး ပထမတစင်းကို ဤလအတွင်း မြန်မာနိုင်ငံ ပို့ရမည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ RIA Novosti က ဆိုသည်။

လေယာဉ်ပျက်ကျခါနီး ရွာပေါ်သို့မကျအောင် မြန်မာလေယာဉ်မှူးတဦးက လမ်းကြောင်း ပြောင်းပေးသွားခဲ့သည်ဟု ရုရှသတင်းဌာန LifeNews မှ သတင်းစာဆရာတဦးက မဇ္ဈိမ သို့ ပြောသည်။

လေယာဉ်ပျက်ကျစဉ်က မြေပြင်တွင် ပျက်ဆုံးဆုံးရှုံး သေဆုံးမှု မရှိကြောင်း သိရသည်။


Ref;mizzima

0 comments:

အပေါ်သို့