Monday, December 19, 2011

ထိုင်းဝန်ကြီးချုပ် ခရီးစဉ်

18 December 2011

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်သည် ၄င်းမြန်မာနိုင်ငံကို သွားရောက်သည့် အခါ မြန်မာ့ ဒီမိုကရေစီ ရေးခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ယမန့်နေ့က ပြောဆို လိုက်ပါသည်။ သူသည် နေပြည်တော်တွင် ဒီဇင်ဘာလ ၁၉ ရက် နေ့၌ စတင် ကျင်းပမည့် နှစ်ရက်ကြာ GMS ခေါ် မဟာ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများ ထိပ်သီး ညီလာခံကို တက်ရောက် မည်ဖြစ်သည်။ ၄င်းခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ရှိသည်ဟု ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်က ပြောကြားခြင်း ဖြစ်ပါသည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ ထူးခြားတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ ဒီမို ကရေစီရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့တဲ့အခါ သဘောထား အမြင်ချင်းဖလှယ်ကြမှာ ဖြစ်တယ်လို့ပြော ပါတယ်။”


ထိုင်းဝန်ကြီးချုပ် တစ်ဦး အနေနှင့် ပထမဆုံး အကြိမ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ်ဖြစ်သည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် Thani Thongphakdi က ပြောပါသည်။ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး Surapong Tovichakchaikul ကလည်း ၀န်ကြီးချုပ် ယင်းလပ်ရှင်န၀ပ်၏ ခရီးစဉ်တွင် အတူလိုက်ပါသွားမှာဖြစ်သည်ဟု ထိုင်းနိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောပါသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် GMS မဟာမဲခေါင် မြစ်ဝှမ်းဒေသနိုင်ငံများ ထိပ်သီး ညီလာခံကို တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်ကြမှာ ဖြစ်ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့