Thursday, December 22, 2011

လှည်း​တန်း​ဗုံး​ကွဲ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး

December 21, 2011
နော်နိုရင်း

ရန်ကုန်မြို့​ လှည်း​တန်း​လမ်း​ဆုံအနီး​က အများ​သုံး​ အိမ်သာတလုံး​မှာ ဒီက​နေ့​ မနက် ၁၁ နာရီ​လောက်က ​ပေါက်ကွဲမှုဖြစ်ပွား​ခဲ့​တာ​ကြောင့်​ အမျိုး​သမီး​ ၁ ဦး​ ​သေဆုံး​ပြီး​ ၁ ဦး​ ဒဏ်ရာရရှိသွား​ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း ​နဲ့​ ပြည်လမ်း​ထောင့်​မှာ မကြာ​သေး​ခင်က ဖွင့်​လှစ်လိုက်တဲ့​ အများ​သုံး​ အိမ်သာမှာ ​ပေါက်ကွဲမှု​တွေ ဖြစ်ပွား​ခဲ့​တာပါ။


ဗုံး​ပေါက်ကွဲမှု ဖြစ်ပွား​ရာ​နေရာကို ​ရောက်သွား​သူတဦး​က “အများ​ပြည်သူသုံး​ သန့်​စင်ခန်း​မှာ ဗုံး​ကွဲသွား​တာခင်ဗျ။ ဗုံး​ကတလုံး​ကွဲ တယ်၊​ တလုံး​ရှာ​ဖွေ​တွေ့​ရှိတယ်။ နှစ်​ယောက်မှာ တ​ယောက်က ဒဏ်ရာရသွား​တယ်။ တ​ယောက်က ​သေသွား​တယ်။ ​သေသွား​တဲ့​အမျိုး​သမီး​က သန့်​စင်ခန်း​မှာ ပိုက်ဆံ​ကောက်တဲ့​ အမျိုး​သမီး​ပါ” လို့​ ​ပြောပါတယ်။

ရန်ကုန်ကလာတဲ့ ​ ​အေဂျင်စီသတင်း​တွေမှာလည်း​ အမျိုး​သမီး​တဦး​သေဆုံး​သွား​တဲ့​အ​ကြောင်း​၊​ ရဲလုံခြုံ​ရေး​ အရာရှိ​တွေရဲ့​ ​ပြောကြား​ချက်ကို ကိုး​ကား​ပြီး​ ​ဖော်ပြထား​ပါတယ်။

ဖောက်ခွဲမှုဟာ ဘယ်သူ့​လက်ချက်လဲဆိုတာ မသိရ​သေး​ဘဲ အခင်း​ဖြစ် ပွား​ရာ​နေရာကို အာဏာပိုင်​တွေက ရှင်း​လင်း​မှု​တွေပြုလုပ်​နေပြီး​ ဗုံး​ပေါက်ကွဲရခြင်း​ အ​ကြောင်း​ရင်း​ကို စုံစမ်း​စစ်​ဆေး​မှု​တွေ ပြုလုပ်​နေဆဲဖြစ်ပါတယ်။

အတည်မပြုနိုင်​သေး​တဲ့​ သတင်း​တွေအရ ​သေဆုံး​သူ ၂ ဦး​လောက် ရှိနိုင်တယ်လို့​လည်း​ သတင်း​တွေ ထွက်​နေပါတယ်။

ဒီဗွီဘီက ကမာရွတ်ရဲစခန်း​ကို စုံစမ်း​မေး​မြန်း​ကြည့်​တဲ့​အခါမှာ​တော့​ ပြည်ထဲ​ရေး​ဝန်ကြီး​ရဲ့​ ခွင့်​ပြုချက်ရမှ ပြန်လည်​ဖြေကြား​နိုင်မယ်လို့​ တာဝန်ကျရဲအရာရှိက ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့