Monday, December 19, 2011

ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နှင့်​ စာနယ်ဇင်း​တွေ့​ဆုံပွဲအ​ပေါ် ​မေး​မြန်း​ချက်

December 16, 2011
ရွှေအောင်

ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ဟာ ဒီ​နေ့​မွန်း​လွဲပိုင်း​က ရန်ကုန်၊​ ရှစ်မိုင်ရှိ စီး​တီး​ဟိုတယ်မှာ ပြည်တွင်း​စာနယ်ဇင်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​ပါတယ်။

ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​အဖွဲ့​ ​ခေါင်း​ဆောင် ဦး​အောင်​သောင်း​က ပြည်တွင်း​စာနယ်ဇင်း​တွေနဲ့​ ​တွေ့​ဆုံခဲ့​ရာမှာ သမ္မတက အပစ်ရပ်ဖို့​ စာပို့​ထား​ပေမယ့်​ တိုက်ပွဲ​တွေ ဘာ​ကြောင့်​ ဆက်လက်ဖြစ်ပွား​နေရတယ် ဆိုတာ အပါအဝင် ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို လက်ရှိအစိုး​ရ သက် တမ်း​အတွင်း​ အပြီး​ဆောင်ရွက်သွား​မယ့်​ အ​ကြောင်း​တွေ ​ပြောကြား​သွား​ခဲ့​ပါတယ်။

စာနယ်ဇင်း​တွေ့​ဆုံပွဲ တက်ခဲ့​တဲ့​ ရန်ကုန်မီဒီယာဂရုပ်ဖ်က ဥက္ကဋ္ဌ ဦး​ကိုကို (စက်မှု) ကို ဆက်သွယ်​မေး​မြန်း​ထား​ပါတယ်။


“အဓိကအချက်က​ တော့​ သူတို့​ဒီအစိုး​ရ လက်ထက်တွင်း​မှာ​တော့​ ငြိမ်း​ချမ်း​ရေး​ကို အကုန်လုံး​ရ​အောင် လုပ်မယ်။ ၂ နှစ်၊​ ၃ နှစ်​တော့​ ကြာနိုင်တယ်။ အဲလို​တော့​ပြောတယ်။ ​နောက်တခုက တချို့​ အပြင်မှာ ​ပြောဆို​နေတာ​တွေ သမ္မတကြီး​က အပစ်အခတ် ရပ်စဲဖို့​၊​ တိုက်ခိုက်မှုမပြုဖို့​ လုပ်​ပေး​မယ်၊​ တိုက်ပွဲ​လေး​တွေ ဖြစ်​နေတဲ့​ကိစ္စနဲ့​ ပတ်သက်ပြီး​တော့​ ​ပြောတာ တချို့​နေရာ​တွေမှာ ဘာဖြစ် လဲဆို​တော့​ တပ်​တွေအဆင့်​ဆင့်​ ညွှန်ကြား​တဲ့​အခါမှာ တပ်​တွေကို နယ်​မြေမှာ တကယ်လှုပ်ရှား​နေတဲ့​ သူတို့​ရဲ့​ တပ်​တွေဆီ သွား​တဲ့​အခါမှာ ဒီအမိန့်​စာ​တွေဘာ​တွေ တချို့​တပ်​တွေမှာ ဆက်သွယ်​ရေး​ကိရိယာ​တွေ ဘာ​တွေ မရှိတဲ့​ တပ်ငယ်​လေး​တွေလည်း​ ရှိနိုင်တယ်။ ဒါ​ကြောင့်​ ဒီသတင်း​က အဲဒီကို မ​ရောက်နိုင်​သေး​တဲ့​ အခါမျိုး​မှာ သွား​လာလှုပ်ရှား​ရင်း​နဲ့​။ ဟိုဘက်ဒီဘက် သတင်း​ မရ​သေး​တဲ့​အခါမှာ နား​လည်မှု လွဲတာ​လေး​တွေ ရှိနိုင်ပါတယ်။ အဲလိုပဲ​ပြောတယ်။

နောက်တခုက ပြည်​ထောင်စုအဆင့်​ ​ဆွေး​နွေး​ပွဲ​တွေက အား​လုံး​ပြီး​သွား​ရင် ပင်လုံညီလာခံထက် ကြီး​ကျယ်တဲ့​ ပြည်သူ့​ကိုယ်စား​လှယ်​တွေ​ရော တိုင်း​ရင်း​သား​ ကိုယ်စား​လှယ်​တွေ အကုန်လုံး​ပါတဲ့​ လွှတ်​တော်ကြီး​မှာပဲ အဲဒီငြိမ်း​ချမ်း​ရေး​ အဖွဲ့​တွေကို ​ခေါ်မယ်။ နိုင်ငံ​ရေး​ပညာရှင်​တွေ အား​လုံး​ဖိတ်ကြား​ပြီး​တော့​မှ ပင်လုံညီလာခံထက် ကြီး​ကျယ်တဲ့​ တိုင်း​ရင်း​သား​ဆိုင်ရာ ညီလာခံကြီး​ကို လုပ်​ပေး​သွား​မယ်။ ဒါက​တော့​ သူတို့​နောက်ဆုံး​အဆင့်​ပေါ့​။ ပြီး​သွား​ရင် ထာဝရ ငြိမ်း​ချမ်း​ရေး​ပေါ့​။ အဲ့​လို​ပြောသွား​တယ်။”

၂ နှစ်၊​ ၃ နှစ်​လောက် ကြာနိုင်တယ်ဆို​တော့​ လပိုင်း​အတွင်း​ မပြီး​နိုင်ဘူး​လား​။ ဘယ်လို​ကြောင့်​လဲ။

“လုပ်ငန်း​ စဉ်က ကြာတယ်​ပေါ့​။ တဦး​နဲ့​တဦး​ နား​လည်မှု​တွေ တည်​ဆောက်တဲ့​ ကိစ္စ​တွေ ဖြစ်တဲ့​အတွက်​ကြောင့်​ ဘယ်လိုလဲဆို​တော့​ အရင်တုန်း​က​တော့​ လုပ်တာက အား​လုံး​တခါတည်း​ ပြီး​ရင် သ​ဘောတူညီချက်တခု လက်မှတ်​ရေး​ထိုး​တယ်။ အခုကျ​တော့​ အဲလိုမျိုး​ မဟုတ်​တော့​ဘဲနဲ့​ အချက် ၂ ချက် သ​ဘောတူရင် ၂ ချက်ထိုး​တယ်။ ​နောက်ထပ် ၃ ချက်သ​ဘောတူရင် ၃ ချက်ထိုး​မယ်။ အဲဒါမျိုး​ သွား​မှာ။ အဖွဲ့​တဖွဲ့​နဲ့​ပဲ ဆို​စေ​ပေါ့​။ တကြိမ်ထိုး​ရုံနဲ့​ ပြီး​ချင်မှပြီး​မယ်။ ဒီတကြိမ်မှာ သ​ဘောတူတာ၊​ ဟိုဘက်နဲ့​ဒီဘက်နဲ့​ သ​ဘောတူတာ ၃ ချက်​တွေ့​ရင် ၃ ချက်ထိုး​သွား​မယ်။ အဲဒါအပြင် ​နောက်ထပ် သ​ဘောတူတာ ၂ချက်​တွေ့​ရင် ၂ ချက်ထပ်ထိုး​မယ်။ ရသ​လောက် အချိန်မှာ အစိုး​ရဘက်က အချိန်အတိုင်း​အတာ တခု​တော့​ ရှိမယ်။ နှစ်​ပေါင်း​များ​စွာ ဖြစ်လာတဲ့​ ပြဿနာတခု ဖြစ်တဲ့​အတွက် လက်ငင်း​ချက်ချင်း​ ပြီး​သွား​ဖို့​ ဆိုတာ​တော့​ လက်​တွေ့​မှာမလွယ်ဘူး​။ သို့​သော် သမ္မတကြီး​ကိုယ်တိုင်က သူတို့​လွှတ်​တော်အ​နေနဲ့​ ဆုံး​ဖြတ်ချက်ချထား​တော့​ ဒီအစိုး​ရ သက်တမ်း​မှာ​တော့​ အပြီး​အစီး​ ဖြစ်သွား​အောင်​တော့​ ​ဆောင်ရွက်သွား​မယ်။ ၃ နှစ်​လောက် လုပ်ငန်း​ကကြာနိုင်မယ်လို့​ သူတို့​က ​လော​လောဆယ် ခန့်​မှန်း​တယ်​ပေါ့​။ အဲဒါမျိုး​တွေ ​ပြောသွား​တယ်။”

ဗဟိုအဆင့် ​ ငြိမ်း​ချမ်း​ရေး​ ​ကော်မတီမှာ ဒွိဟဖြစ်​နေတာ ဦး​အောင်မင်း​ကလည်း​ တပိုင်း​ပါတယ်ဆို​တော့​ အခုသူတို့​ ဖွဲ့​စည်း​ပုံက အပြည့်​ထွက်သွား​ပြီလား​။

“အဲဒါလည်း​ ပြောတယ်။ ဦး​အောင်မင်း​ကလည်း​ တဖွဲ့​ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ သို့​သော် တချို့​နေရာ​တွေမှာ နယ်​မြေ​တွေမှာ ကရင်ပြည်နယ်လိုမျိုး​မှာ ဦး​အောင်မင်း​က နယ်​မြေပိုကျွမ်း​တယ်။ အဲဒီမှာလည်း​ အကြာကြီး​လုပ်လာတယ်။ အဲဒါ​ကြောင့်​ သူတို့​က တာဝန်ကို မျှ​ဝေပြီး​တော့​ လုပ်တဲ့​သ​ဘော​ပေါ့​။ ဦး​အောင်မင်း​ကိုယ်တိုင်ကလည်း​ ပရဟိတလုပ်ချင်တဲ့​ ဆန္ဒရှိတယ်။ ငြိမ်း​ချမ်း​ရေး​ကို ​ဆောင်ရွက်လိုတဲ့​ ဆန္ဒလည်း​ရှိတယ်။ ​နောက်နယ်​မြေမှာ ကရင်ပြည်နယ်မှာလည်း​ ကျွမ်း​ကျွမ်း​ကျင်ကျင်နဲ့​ နား​လည်မှုရှိတဲ့​အတွက် သူ့​ကိုပဲ ​ဆောင်ရွက်ခိုင်း​တယ်​ပေါ့​။ အဲလိုသူ​ပြောသွား​တယ်။ အဲ​တော့​ ၂ ဖွဲ့​ခွဲ​ပေမယ့်​ တ​ယောက်နဲ့​တ​ယောက် ပြန်ပြီး​တော့​ ​ပေါင်း​စပ်ညှိနှိုင်း​ပြီး​ ​ဆောင်ရွက်​နေကြတာဖြစ်တယ်လို့​ အဲလို​ပြောသွား​တယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့