Wednesday, December 21, 2011

အစိုး​ရနှင့်​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ချင်း​အမျိုး​သား​တပ်ဦး​ အ​ရေး​ပေါ်ညီလာခံကျင်း​ပ

December 20, 2011
နန်းမြနဒီ

အစိုး​ရကိုယ်စား​လှယ်အဖွဲ့​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ပမာဏ​တွေ့​ဆုံပွဲမှာ ချင်း​ပြည်သူ​တွေ ဆုံး​ဖြတ်ချက်ပါဝင်ဖို့​အတွက် ချင်း​အမျိုး​သား​တပ်ဦး​က အ​ရေး​ပေါ်ညီလာခံတရပ် ​ခေါ်ယူခဲ့​ပါတယ်။

လာမယ့်​ဇန်နဝါရီလ ၅ ရက်နဲ့​ ၆ ရက်​နေ့​ကျရင် ချင်း​ပြည်နယ် ဟား​ခါး​မြို့​မှာ အစိုး​ရကိုယ်စား​လှယ်​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ကိစ္စ ​ဆွေး​နွေး​ဖို့​ရှိတဲ့​အတွက် အဘက်ဘက်က လိုလား​ချက်နဲ့​ အကြံပြုချက်​တွေ ပူး​ပေါင်း​ပါဝင်​စေဖို့​ အခုလိုအ​ရေး​ပေါ်ညီလာခံကို ကျင်း​ပခဲ့​တာလို့​ ပါတီ​ပြောခွင့်​ရပုဂ္ဂိုလ် ​ဒေါက်တာဆလိုင်း​အင်ဒရူး​ ငွန်ကျုံး​လျန်က ​ပြောပါတယ်။


“ကျ​နော်တို့​ ချင်း​အမျိုး​သား​ တပ်ဦး​အ​နေနဲ့​ တပ်မ​တော်အင်အား​ ​တောင့်​တင်း​ခိုင်မာလာ​ရေး​အတွက် ချင်း​ပြည်နယ်က အမျိုး​အနွယ်စုံ၊​ ​ဒေသစုံ၊​ အလွှာ​ပေါင်း​စုံ ချင်း​အမျိုး​သား​ ​တော်လှန်​ရေး​မှာ ပါဝင်နိုင်​ရေး​၊​ ​နောက်ပြီး​ အခုကျ​နော်တို့​ကို ငြိမ်း​ချမ်း​ရေး​ ပမာဏ ​ဆွေး​နွေး​မှုလုပ်ဖို့​ ပြည်​ထောင်စု အစိုး​ရက​နေ ကမ်း​လှမ်း​လာတဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​ အ​ရေး​ပေါ် ပထမအကြိမ် ပါတီညီလာခံကို ​ခေါ်ယူရတာဖြစ်ပါတယ်။”

ဒီလ ၁၂ ရက်​နေ့​ က​နေ ၁၆ ရက်​နေ့​ထိ အိန္ဒိယ-မြန်မာနယ်စပ်တ​နေရာမှာ ကျင်း​ပပြုလုပ်သွား​ခဲ့​တာပါ။

ဒီအ​ရေး​ ပေါ်ညီလာခံမှာ ချင်း​အမျိုး​သား​တပ်ဦး​ပါတီ၊​ ချင်း​အမျိုး​သား​ တပ်မ​တော် ပြည်တွင်း​ပြည်ပအဖွဲ့​ ကိုယ်စား​လှယ်​တွေနဲ့​အတူ အကြံ​ပေး​ပုဂ္ဂိုလ်ပညာရှင်​တွေ၊​ တက္ကသိုလ်​ကျောင်း​သား​ကျောင်း​သူ​တွေ၊​ ဖိတ်ကြား​ထား​သူ ​လေ့​လာသူ​တွေ စုစု​ပေါင်း​ ၁၅၃ ဦး​ တက်​ရောက်ခဲ့​ပါတယ်။

အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ကိစ္စ အား​လုံး​က သ​ဘောတူကြပြီး​ လာမယ့်​လ အစိုး​ရနဲ့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲမှာ ဒီညီလာခံ က အကြံပြုချက်​တွေအ​ပေါ် အ​ခြေခံပြီး​ ​တောင်း​ဆိုညှိနှိုင်း​သွား​မယ်လို့​ ဆိုပါတယ်။

လော​လောဆယ် ဗဟို​ကော်မတီ အစည်း​အ​ဝေး​ကိုလည်း​ ဆက်ကျင်း​ပ​နေတယ်လို့​ ​ဒေါက်တာဆလိုင်း​အင်ဒရူး​ ငွန်ကျုံး​လျန်က ​ပြောပါတယ်။

အစိုး​ရငြိမ်း ​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေနဲ့​ ပဏာမငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ဖို့​ ချင်း​အမျိုး​သား​တပ်ဦး​ဘက်က လက်​ထောက် အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ​ဒေါက်တာဆလိုင်း​ရွှေခါး​ ဦး​ဆောင်တဲ့​ ၁ဝ ဦး​ပါ အဖွဲ့​ကို ​စေလွှတ်မယ်လို့​လည်း​ သိရပါတယ်။

ညီလာခံမှာ ငြိမ်း​ချမ်း​ရေး​ကိစ္စအပြင် ချင်း​အမျိုး​သား​တပ်ဦး​ရဲ့​ ဦး​တည်ချက်​တွေဖြစ်တဲ့​ ချင်း​ဒေသကိုယ်ပိုင် ပြဋ္ဌာန်း​ခွင့်​ရ​ရေး​၊​ ဖက်ဒရယ် ပြည်​ထောင်စု တည်​ဆောက်​ရေး​၊​ ဒီမိုက​ရေစီစနစ် ထွန်း​ကား​ရေး​ စတာ​တွေအတွက် မျိုး​နွယ်စုံ၊​ ​ဒေသစုံ၊​ အလွှာစုံက ချင်း​တိုင်း​ရင်း​သား​အား​လုံး​ နည်း​မျိုး​စုံနဲ့​ ပူး​ပေါင်း​ပါဝင်​ဆောင်ရွက်ဖို့​ ဆုံး​ဖြတ်ချက်ချခဲ့​တယ်။

အလွှာ​ပေါင်း​ စုံပါဝင်လာဖို့​ အဖွဲ့​ဝင် ၅၅ ဦး​ပါတဲ့​ ဗဟို​ကော်မတီဝင်ကို ဖွဲ့​စည်း​ခဲ့​ပါတယ်။ ဒါ့​အပြင် ၁၄ ဦး​ပါ ဗဟိုအလုပ်အမှု​ဆောင်​ကော်မတီအဖွဲ့​၊​ ၂၁ ဦး​ပါ ကြီး​ကြပ်ကွပ်ကဲ​ရေး​အဖွဲ့​တို့​နဲ့​ ချင်း​အမျိုး​သား​တပ်ဦး​ရဲ့​ အဓိပတိ​ကောင်စီ (Supreme Council) ကို လည်း​ ဖွဲ့​စည်း​ခဲ့​ပါတယ်။

ချင်း​အမျိုး​ သား​တပ်ဦး​ဟာ လွန်ခဲ့​တဲ့​ ၂၀၀၇ ခုနှစ်တုန်း​ကလည်း​ နအဖ စစ်အစိုး​ရနဲ့​ အပစ်ခတ်ရပ်ဖို့​အတွက် အိန္ဒိယမြန်မာနယ်စပ် ရိဒ်မြို့​မှာ ​တွေ့​ဆုံခဲ့​ပေမယ့်​ ​ဆွေး​နွေး​ပွဲ မ​အောင်မြင်ခဲ့​ပါဘူး​။

ဦး​သိန်း​ စိန်အစိုး​ရလက်ထက်မှာ​တော့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်အဖွဲ့​တွေနဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်​တွေ ထိုင်း​နိုင်ငံ မယ်ဆိုင်မြို့​မှာ နိုဝင်ဘာ ၁၉ ရက်​နေ့​က ​တွေဆုံခဲ့​ရာမှာ ချင်း​အမျိုး​သား​တပ်ဦး​ကလည်း​ ပါဝင်ခဲ့​တယ်။

ချင်း​အမျိုး​ သား​တပ်ဦး​ကို မြန်မာနိုင်ငံမှာ ၈ ​လေး​လုံး​ ဒီမိုက​ရေစီ အ​ရေး​အခင်း​ ဖြစ်ပွား​ခဲ့​ပြီး​တဲ့​နောက် အ​ရေး​အခင်း​မှာ ပါဝင်ခဲ့​တဲ့​ ချင်း​ပညာတတ်​ကျောင်း​သား​တွေက ဦး​ဆောင်ပြီး​ ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်​နေ့​က အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုက်​ဇောလ်မြို့​မှာ ဖွဲ့​စည်း​ခဲ့​တာပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့