Wednesday, December 21, 2011

ကျောက်တန်း​မြို့​ ​ကျေး​ရွာများ​တွင် လယ်သမား​ပိုင်ဆိုင်မှုစာရင်း​ကောက်​နေ

December 20, 2011
ရွှေအောင်

ရန်ကုန်တိုင်း ​၊​ ​ကျောက်တန်း​မြို့​နယ် ​တောင်ဘက်ပိုင်း​မှာရှိတဲ့​ ​ကျေး​ရွာ​ပေါင်း​ ၂၀ ​လောက်မှာ သက်ဆိုင်ရာနဲ့​ ကုမ္ပဏီ​တွေက လယ် သမား​တွေရဲ့​ ပိုင်ဆိုင်မှုကို လိုက်လံစာရင်း​ ​ကောက်ယူ​နေပါတယ်။

ဘာ​ကြောင့်​ အခုလို ပိုင်ဆိုင်မှုစာရင်း​ လိုက်​ကောက်​နေတာလဲ ဆိုတာ ​ဒေသခံလယ်သမား​တွေက တိတိကျကျ သိချင်​နေကြပါတယ်။

ကျောက်တန်း​ မြို့​ တဘက်ကမ်း​မှာ တည်ရှိတဲ့​ ပန်း​တော၊​ ကျွန်း​က​လေး​၊​ ခ​လောက်ဆွဲစတဲ့​ ​ကျေး​ရွာ​တွေအပါအဝင် ရွာ​ပေါင်း​ ၂၀ ​လောက်မှာ ပြီး​ခဲ့​တဲ့​နှစ်ပတ်​လောက်ကစပြီး​ မြို့​နယ်​မြေစာရင်း​၊​ အိုး​အိမ်နဲ့​ကုမ္ပဏီတချို့​က ဝန်ထမ်း​တွေ ​ရောက်လာပြီး​ လယ်သမား​တွေ ပိုင်ဆိုင်တဲ့​ ​နေအိမ်၊​ ထွန်စက် စတဲ့​ပိုင်ဆိုင်မှု​တွေ စာရင်း​လိုက်​ကောက်​နေကြတယ်လို့​ လူမှု​ရေး​ဆောင်ရွက်​ပေး​နေတဲ့​ ကျွန်း​က​လေး​ကျေး​ရွာ​နေ ဘုန်း​တော်ကြီး​ အရှင်စန္ဒဝါရက မိန့်​ပါတယ်။

“အိုး​ အိမ်ပါတယ်။ ​မြေစာရင်း​ပါတယ်။ အပိုင်အုပ်ချုပ်​ရေး​မှူး​ပါတယ်။ ​ကျောက်တန်း​မြို့​နယ်အဆင့်​ပါ။ ကုမ္ပဏီကျ​တော့​ ​အေး​ရှား​ဝေါလ်ရယ်။ ထူး​ရယ်လို့​ သတင်း​ရတယ်။ တိတိကျကျ​တော့​ မသိဘူး​။ ကုမ္ပဏီကလူက အများ​စုပါတာပဲ။ မြို့​နယ်အဆင့်​ကလူက​တော့​ ဌာနတခုကို တ​ယောက်၊​ နှစ်​ယောက်​လောက်ပါတယ်။ လူ ၆၀ ​လောက် တ​နေ့​တ​နေ့​ကိုဆင်း​တယ်။ ဆင်း​ပြီး​တော့​ လယ် ကွင်း​ထဲမှာ ရှိတဲ့​အိမ်​တွေကို လိုက်ကြည့်​တယ်။ အိမ်အမျိုး​အစား​ကို မှတ်တမ်း​ယူတယ်။ တိုက်ဆိုတိုက်၊​ သစ်သား​အိမ်ဆို သစ်သား​အိမ်​ပေါ့​။ လယ်ထွန်စက်ရှိရင် လယ်ထွန်စက်၊​ နွား​ဘယ်နှ​ကောင်ရှိတယ်။ အဲဒါမျိုး​ကို ယူပြီး​တဲ့​အခါကျ​တော့​ လယ်သမား​နဲ့​ အိမ်ပိုင် ရှင်နဲ့​ပေါ့​။ အိမ်ပိုင်ရှင်ကို အိမ်နဲ့​မှတ်တမ်း​တင် ဓာတ်ပုံရိုက်တယ်။”

အ​ကြောင်း​စုံသိချင်လို့​ စာရင်း​လာ​ကောက်​နေတဲ့​သူ​တွေကို ​မေး​မြန်း​တော့​လည်း​ ပြန်လည်မ​ဖြေကြား​ဘူး​လို့​ ​ပြောပါတယ်။

အဲ့​ ဒီလိုစာရင်း​လာ​ကောက်ပြီး​ သိပ်မကြာခင် ​ကျောက်တန်း​တောင်ဘက်ပိုင်း​မှာ သီလဝါအထူး​စီး​ပွား​ရေး​ဇုန် တည်​ဆောက်မယ့်​သတင်း​ သတင်း​စာမှာ ​ဖော်ပြလာတာ ​တွေ့​ရတဲ့​အ​ကြောင်း​နဲ့​ ​ဒေသခံရွာသား​တွေရဲ့​ ဆန္ဒသ​ဘောထား​တွေကို ဆရာ​တော်က ခုလို မိန့်​ပါတယ်။

“လယ်သမား​ တွေအတွက် ဘယ်လိုခံစား​ခွင့်​ ရှိမှာလဲ​ပေါ့​။ အကယ်၍​ပြောင်း​ပေး​ရမယ်ဆိုရင်၊​ တချို့​လယ်သမား​က​တော့​ လုံး​ဝ​ပြောင်း​မ​ပေး​ချင်ဘူး​။ အများ​စုက​တော့​ မိရိုး​ဖလာ ​နေလာကြတာဆို​တော့​ ကိုယ့်​လယ်က​နေ ဘယ်​လောက်ရရ ​ပြောင်း​မ​ပေး​ချင်ဘူး​။”

သီလဝါအထူး​စီး ​ပွား​ရေး​ဇုန် စီမံကိန်း​ တည်​ထောင်မယ့်​အ​ကြောင်း​ သတင်း​ထုတ်ပြန်ချက်ထဲမှာ​တော့​ ​ကျေး​ရွာ​တွေကို ဖယ်ရှား​ ​ရွှေ့​ပြောင်း​စေတာမျိုး​မလုပ်ဘဲ၊​ သီး​ခြား​ကင်း​လွတ်တဲ့​ ​မြေ​နေရာ​တွေမှာသာ ​ရွေး​ချယ် ​ဆောင်ရွက်သွား​မယ်၊​ ​ဒေသခံ​တွေ လက်ရှိ​နေ ထိုင် လုပ်ကိုင်စား​သောက်မှု မထိခိုက်​အောင် သက်ဆိုင်ရာ ရင်း​နှီး​မြှုပ်နှံသူ​တွေက အတိုင်ပင်ခံပုဂ္ဂိုလ်​တွေနဲ့​ ညှိနှိုင်း​ ​ဆောင်ရွက်သွား​မယ်လို့​ ​ဖော်ပြထား​ပါတယ်။

ကျောက်တန်း​မြို့​ ​တောင်ဘက်ပိုင်း​ရှိ ​ကျေး​ရွာ​ပေါင်း​ ၂၀ ​လောက်မှာ လယ်ဧက ​လေး​သောင်း​လောက်ရှိပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့