Friday, August 31, 2012

၈၈ မျိုးဆက်နဲ့ ဂီတအနုပညာရှင်များ ရေဘေးဒုက္ခသည်ကို ထောက်ပံ့ကူညီ

2012-08-30

ဧရာဝတီတိုင်းအတွင်းက ရေဘေး ဒုက္ခသည်တွေအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ဂီတအနုပညာရှင်တွေက စားနပ်ရိက္ခာနဲ့ တခြားအထောက်အပံ့ ပစ္စည်းတွေ ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

သာပေါင်းမြို့နယ် စက်ဒေါင့်ကြီးကျေးရွာက ရေဘေးသင့် ပြည်သူတွေအတွက် ကျောင်းသားခေါင်းဆောင် ကိုအံ့ဘွယ်ကျော် ဦး ဆောင်တဲ့ အဖွဲ့က ဆန်အိတ် ၁၆၈ အိတ် လှူဒါန်းခဲ့ပြီး ဂီတပညာရှင် ကိုရဲလွင် ဦးဆောင်တဲ့ မဇ္ဈိမလှိုင်း တေးဂီတအဖွဲ့က ဒါးက ကျေးရွာအုပ်စုက ရေဘေးဒုက္ခသည်တွေကို ဆန်အိတ်တွေနဲ့ စောင်တွေ၊ ခြင်ထောင်တွေ လာရောက် လှူဒါန်းခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ကိုအောင်ကျော်ကျော် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဧရာဝတီတိုင်းအတွင်း သာပေါင်းမြို့နယ်က ရေနစ်မြှုပ်နေတဲ့ အိမ်ခြေ ၇၀၀ အတွက် အ၀တ်အထည်တွေ အများအပြား သွားရောက် လှူဒါန်းခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ အကူအညီ လိုအပ်နေသူတွေကို ထောက်ပံ့ကူညီနိုင်ဖို့ စေတနာဝသန် တေးဂီတ ရန်ပုံ ငွေတစ်ခုကို လာမဲ့ စက်တင်္ဘာ ၁ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့