Thursday, December 29, 2011

ရန်ကုန်မြို့ မီးလောင်ပေါက်ကွဲမှု

29th, 2011

ရန်ကုန်မြို့ ကူးတို့ဆိပ်ရပ်ကွက် မီးလောင်ပေါက်ကွဲမှု ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ပုဇွန်တောင်ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် မနက် ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက် ကွဲမှု ဖြစ်ခဲ့ပါတယ်။


၎င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ် အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။

“ပေါက်ကွဲ လွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်”လို့ ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ပုဇွန်တောင်ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော လှေတွေပါ တော်တော်များများ ထိမှန်ခဲ့ပါတယ်။

ဒဏ်ရာရတဲ့သူကို တော်တော်များတယ်၊ ပြတ်ပြတ်ပြီး ထွက်လာတဲ့သူကို မနည်းဘူး၊ အခုအထိကို ဆွဲထုတ်ပြီး လမ်းပေါ်ပုံ ထား တာ ကို သုံးလေးယောက် တွေ့ရတယ်၊ ဒီ့ထပ် ပိုပြီး အခြေအနေများမယ်လို့ ထင်တယ်၊ ပေါက်ကွဲမှုအရှိန်ကြောင့် တုန်လှုပ် သွား တဲ့အတွက် ငလျင်လှုပ်တယ်ဆိုပြီး တာမွေမြို့နယ်အတွင်းက တိုက်တွေပေါ်က လူတွေ အလန့်တကြားဆင်းလာကြတယ်၊ ပေါက်ကွဲမှု ကျယ်လောင်အားက ရှစ်မိုင်လောက်အထိက ကြားရတယ်၊ ရှစ်မိုင်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ က လူတွေ အဖြစ်အပျက်ကို လာရောက်ကြည့်ရှုသူ အများကြီးရှိတယ်၊ အနီးအနားက မြို့နယ် တွေကတော့ အန္တရာယ် ထပ်ဖြစ်လာမှာစိုးလို့ သက်ကြီးရွယ်အိုတွေကို ကားတွေနဲ့ ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြပါတယ်’ လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။

အနီးအနား ပတ်ဝန်းကျင်ရှိတဲ့ အိမ်များလည်း မီးမလောင်ပေမဲ့ ပေါက်ကွဲတဲ့ အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့ မီးသတ်ကား အစီး ၇၀ ခန့် လာရောက်ငြှိမ်းသတ်နေပါတယ်။

နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။

မီးလောင်ပေါက်ကွဲတဲ့ ဂိုထောင်တွေဟာ အစိုးရပိုင်လား၊ ပုဂ္ဂလိကပိုင်လား၊ ဦးပိုင်က ပိုင်တာလား ဆိုတာ သေသေချာချာ မသိရ သေးသလို ဘယ်က စလောင်တာလည်း ဆိုတာ အတည်ပြုချက် မရရှိသေးပါဘူး။

Ref: ဗားမားဗွီဂျေ

0 comments:

အပေါ်သို့