Thursday, December 29, 2011

ရန်ကုန်ပေါက်ကွဲမှုကြောင့် လူ(၁၄) ဦးထက်မနဲ သေဆုံး

29 December 2011

၂၉-၁၂-၂၀၁၁ နေ့ မနက် ၀၁း၁၅ နာရီခန့်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ် လမ်း ၊ ပုဇွန်တောင် ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပါသည်။ မီးသည် မနက်တနာရီခန့်တွင် စတင် လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီ၌ ကျယ်လောင်သည့် ပေါက်ကွဲမှုဖြစ်ခဲ့ပါသည်။ ဤပေါက်ကွဲမှုကြောင့် လူ(၁၄) ဦး ထက်မနဲ သေဆုံးခဲ့ရသည်ဟု မျက်မြင်များအပြင် ကယ်ဆယ်ရေး လုပ်နေသူများက ဆိုပါသည်။

ပေါက်ကွဲမှုသည် ရန်ကုန်မြို့မှ ပုဇွန် တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင် ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ သင်္ကန်းကျွန်း စသည့်မြို့နယ်များက တိုက်ခန်းများ လှုပ်ခါ ခဲ့သည်အထိ ပြင်းထန်ခဲ့ပါသည်။ ပုဇွန်တောင်ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်များပေါ်က လူများ နှင့်လှေများလည်း များစွာ ထိမှန်ခဲ့ပါသည်။။ ပေ ၁၀၀၀ ၀န်းကျင်ခန့် အထိရှိသည့် အိမ်များလည်း မီးမလောင်သော်လည်း ပေါက်ကွဲမှု အရှိန်ကြောင့် ပျက်စီး ကုန်ပါသည်။ မီးလောင်ရာသို့ မီးသတ်ကား အစီး ၇၀ ခန့် လာရောက်ငြိမ်းသတ်ခဲ့ပြီး မနက် ၀၃း၀၀ နာရီခန့် မီးညွန့်ကျိုးသွား ခဲ့ပါသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့