Tuesday, December 27, 2011

ယူအန်အက်ဖ်စီအဖွဲ့​ဝင် အား​လုံး​ပါဝင်မှ အစိုး​နှင့်​ ဆက်လက် ​ဆွေး​နွေး​မည်

December 26, 2011
နော်နိုရင်း

တိုင်း​ရင်း​ သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီ (ယူအန်အက်ဖ်စီ) အဖွဲ့​ဝင်​တွေ အား​လုံး​ပါဝင်မှ အစိုး​ရနဲ့​ ဆက်လက် ​ဆွေး​နွေး​မယ်လို့​ ပအိုဝ့်​အမျိုး​သား​ လွတ်​မြောက်​ရေး​အဖွဲ့​ (ပီအန်အယ်လ်အို) က ​ပြောပါတယ်။

ပအိုဝ့်​ အမျိုး​သား​ လွတ်​မြောက်​ရေး​အဖွဲ့​ဟာ ဒီဇင်ဘာ ၂၃ ရက် ည​နေပိုင်း​က အစိုး​ရငြိမ်း​ချမ်း​ရေး​ကိုယ်စား​လှယ် ရထား​ဝန်ကြီး​ ဦး​အောင်မင်း​နဲ့​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​မှာ ပထမဆုံး​အကြိမ် ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ချိန်မှာ ​ပြောကြား​ခဲ့​တာလို့​ အဖွဲ့​ဥက္ကဋ္ဌ ဦး​ခွန်ဥက္ကာ က ​ပြောပါတယ်။


“​တွေ့​တဲ့​ ​ခေါင်း​စဉ်က​တော့​ ပအိုဝ့်​အမျိုး​သား​လွတ်​မြောက်​ရေး​ အဖွဲ့​ချုပ် ဘာ​တွေလိုချင်လဲ။ ဘာဖြစ်ချင်လဲ ​မေး​တာပါ။ ကျ​နော်တို့​ ပအိုဝ့်​အမျိုး​သား​ လွတ်​မြောက်​ရေး​ အဖွဲ့​ချုပ်က အဖွဲ့​ငယ် ဖြစ်ပါတယ်။ အင်အား​လည်း​ နည်း​ပါတယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​အ​နေနဲ့​ သီး​ခြား​တွေ့​ဆုံ​ဆွေး​နွေး​ခြင်း​၊​ သီး​ခြား​သ​ဘောတူခြင်း​၊​ သီး​ခြား​ ညှိနှိုင်း​ခြင်း​ မရှိပါဘူး​။ မလုပ်ပါဘူး​။ ကျ​နော်တို့​ပါဝင်​နေတဲ့​ ယူအန် အက်ဖ်စီနဲ့​ပဲ ပူး​တွဲပြီး​တော့​ ယူအန်အက်ဖ်စီရဲ့​ ဆုံး​ဖြတ်ချက်အတိုင်း​ ​ဆွေး​နွေး​သွား​မယ်၊​ ပါဝင်သွား​မယ်လို့​ အ​ကြောင်း​ပြန်ကြား​ပါ တယ်။ အဲ့​လိုပြန်​ပြောတဲ့​ အတွက် သူတို့​က သီး​သန့်​ ပီအန်အယ်လ်အိုနဲ့​ ​ဆွေး​နွေး​တာ​တော့​ မရှိ​တော့​ဘူး​ပေါ့​။”

ဝန်ကြီး​ဦး​ အောင်မင်း​ အ​နေနဲ့​လည်း​ ယူအန်အက်ဖ်စီအဖွဲ့​ဝင်​တွေ အား​လုံး​ ပါဝင်တဲ့​ ​တွေ့​ဆုံမှုမျိုး​ ​တွေ့​ဆုံမယ်လို့​ ​ပြောဆိုခဲ့​ကြောင်း​ ဦး​ခွန်ဥက္ကာက ဆက်​ပြောပါတယ်။

“ဦး​အောင်မင်း ​ရဲ့​ သ​ဘောထား​က​တော့​ အဖွဲ့​ကြီး​လည်း​ ​တွေ့​မယ်။ အဖွဲ့​ငယ်လည်း​ ​တွေ့​မယ်။ မခွဲခြား​ထား​ဘူး​ပေါ့​။ ငြိမ်း​ချမ်း​ရေး​ကိစ္စမှာ တဖွဲ့​ဖွဲ့​ကျန်​နေလို့​ မ​ကောင်း​ဘူး​ပေါ့​။ အား​လုံး​တပြိုင်တည်း​ ​တွေ့​မယ်လို့​ ​ပြော​တော့​ ကျ​နော်တို့​ကလည်း​ ယူအန်အက်ဖ်စီနဲ့​တွေ့​ပါ။ တဖွဲ့​ချင်း​တွေ့​လို့​ သူရင်ဆိုင်ရတဲ့​ အခက်အခဲ​တွေကလည်း​ များ​ပါတယ်။ တဖွဲ့​ချင်း​တွေ့​လို့​ မ​ပြေလည်တာလည်း​ရှိ​တော့​ ဒီတခါ​တော့​ တဖွဲ့​ချင်း​မဟုတ်ဘဲ ယူအန်အက်ဖ်စီက ​တောင်း​ဆိုတဲ့​အတိုင်း​ ယူအန်အက်ဖ်စီ အစုအဖွဲ့​နဲ့​ တညီတညွတ်တည်း​ ​တွေ့​ဖို့​ဆိုတဲ့​ သ​ဘောမျိုး​ သူက သ​ဘောထား​ပြောင်း​ပြီး​တော့​ ​ပြောတာရှိပါတယ်။ အဲ့​ဒါ​ကြောင့်​ ကျ​နော်တို့​ ယူအန်အက်ဖ်စီ အဖွဲ့​တွေ အချင်း​ချင်း​ တိုင်ပင်ပြီး​တော့​ လိုလား​ချက်​တွေကို စာနဲ့​ရေး​၊​ အဖွဲ့​ခေါင်း​ဆောင်တ​ယောက်က​ပြော၊​ ကျန်တဲ့​အဖွဲ့​ဝင်​တွေက ဝိုင်း​နား​ထောင်ပြီး​တော့​ အဲ့​ဒီ မူနဲ့​ဆိုရင် ယူအန်အက်ဖ်စီ အစုအဖွဲ့​နဲ့​တွေ့​ဖို့​ အလား​အလာ ရှိ​နေပါတယ်။ ယူအန်အက်ဖ်စီဘက်က အဆင့်​သင့်​ဖြစ်ရင် ​ပြောပါတဲ့​။ ချိန်း​တဲ့​နေရာ လာ​တွေ့​မယ်လို့​ ​ပြောတယ်။”

ယူအန်အက်ဖ်စီကို ဖက်ဒရယ် ပြည်​ထောင်စု ​ပေါ်ထွန်း​ရေး​အတွက် ပြီး​ခဲ့​တဲ့​ ​ဖေ​ဖော်ဝါရီ ၁၇ ရက်​နေ့​က အပစ်ရပ်နှင့်​ အပစ်မရပ် တိုင်း​ရင်း​သား​ လက်နက်ကိုင် အဖွဲ့​တွေဖြစ်တဲ့​ ကချင်လွတ်လပ်​ရေး​တပ်မ​တော်၊​ ကရင်အမျိုး​သား​အစည်း​အရုံး​၊​ ကရင်နီတိုး​တက်​ရေး​ပါတီ၊​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ၊​ ချင်း​အမျိုး​သား​တပ်ဦး​၊​ မွန်ပြည်သစ် ပါတီနဲ့​တခြား​ လက်နက်ကိုင်တိုင်း​ရင်း​သား​တပ်ဖွဲ့​ ၁၂ဖွဲ့​ ပူး​ပေါင်း​ ဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပါတယ်။

အစိုး​ရက​နေ စစ်​ရေး​၊​ နိုင်ငံ​ရေး​အရ ဖိအား​ပေး​လာရင် စု​ပေါင်း​ ခုခံကာကွယ်နိုင်​ရေး​ အတွက် ဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပါတယ်။

အခုလ ၂၂ရက်​နေ့​က ဝန်ကြီး​ဦး​အောင်မင်း​ရဲ့​ အစိုး​ရငြိမ်း​ချမ်း​ရေး​ ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မွန်ပြည်သစ်ပါတီကတို့​ ​တွေဆုံခဲ့​သလို ၂၁ ရက်​နေ့​က ကရင်အမျိုး​သား​အစည်း​အရုံး​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပြီး​ လာမယ့်​ ဇန်နဝါရီလ ၁၂ ရက်​နေ့​မှာ အပစ်ခတ်ရပ်စဲ​ရေး​အတွက် ဘား​အံမြို့​ကို သွား​ရောက် ​ဆွေး​နွေး​မှာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့