Monday, December 26, 2011

အခြေခံဥပဒေအပြောင်းအလဲလုပ်ရေး ဆန္ဒခံယူပွဲလုပ်ဖို့ ၀န်ကြီးချုပ် ထောက်ခံ

December 25, 2011

ကြံပြုထားတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဆန္ဒခံယူပွဲလုပ်ဖို့ဆိုတာကို ၀န်ကြီးချုပ် ယင်လပ်ရှီနာဝပ်ထ် က ထောက်ခံ လိုက်ပါတယ်။ ဒါပေမဲ့ ဘယ်ကိစ္စတွေပါမလဲဆိုတာကို ပိုင်းဖြတ်ဖို့ နောက်ထပ်ဆွေးနွေးစရာတွေ လိုသေး တယ်လို့ ယင်လပ်က ပြော ပါတယ်။ “ပြဿနာဖြေရှင်းတာမဟုတ်ဘူးဆိုရင်တော့ အဓိပ္ပာယ်မရှိတာပဲ ဖြစ်မယ်” လို့ သူမ က ပြောပါတယ်။

အခြေခံဥပဒေမူကြမ်းရေးဆွဲရေးညီလာခံ ခေါ်ဖို့ ဒုဝန်ကြီးချုပ် ချလားမ်ယူဘမ်ရွန်းရဲ့ အဆိုပြုချက်ကို သူမအနေနဲ့ သ ဘောတူပါ သလားလို့ မေးကြည့်တော့ ဒါကောင်းတဲ့စိတ်ကူးပဲလို့ သူမက ပြောပါတယ်။ ဒါပေမဲ့ ဒီညီလာခံက လူ့အဖွဲ့စည်း ထဲက သက်ဆိုင် သူ အားလုံးကို ကိုယ်စားပြုရပါမယ်။ အခုထိတော့ အခြေခံဥပဒေ ပြင်ဆင်ချက်တိုင်းကို ပါလီမန်လုပ်ငန်း စဉ်ထဲက လုပ်ငန်းတခု ဖြစ်ဖို့ သူ့အနေနဲ့ ပိုနှစ်သက်ပါတယ်လို့ သူမက ပြောပါတယ်။ ချာလားမ်းရဲ့ အဆိုပြုချက်အရဆို ညီလာခံမှာ ပြည်နယ်တခုစီက ရွေးကောက်ခံအမတ် ၇၇ ဦးနဲ့ ပညာရှင်နဲ့ ကျွမ်းကျင်သူ ၂၂ ယောက်ပါမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေဘေးကိစ္စတွေအပြီး ပြန် လည်ထူထောင်ရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်နေရလို့ အခြေခံဥပဒေပြင်ဆင်ဖို့ ဆိုတာဟာ အစိုးရအတွက် အခုချက်ချင်း လုပ်ရမယ့် ဦးစားပေး အလုပ် မဟုတ်ပါဘူးလို့ ယင်လပ်က ပြောပါတယ်။

အခြေခံဥပဒေပြင်ဆင်ဖို့ကို အတိုက်အခံဒီမိုကရက်ပါတီက သဘောမတူပါဘူး။ အစိုးရက ဒီကိစ္စကို ၀ရမ်းပြေးဝန်ကြီးချုပ် ဟောင်း ထပ်စင်ရှီနာဝပ်ထ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လုပ်နေတာရဲ့တစိတ်တပိုင်းအနေနဲ့ တွန်းအားပေးနေတာ ဖြစ် ပါတယ်လို့ ပြော ဆိုပါတယ်။ ထပ်စင်ဟာ အကျင့်ပျက်ချစားမှုနဲ့ ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချထားခြင်း ခံရသူပါ။ အခြေ ခံဥပဒေပြင်ဆင်ပြီးရင် ဘာဖြစ်မလဲဆိုတာကို အစိုးရအနေနဲ့ ပြည်သူလူထုကို ရှင်းရှင်းလင်းပြောရပါမယ်လို့ ဒီမိုကရက် ခေါင်းဆောင် အဖိဆစ်က ပြောပါ တယ်။ ဘုရင်ကို အကြည်ညိုပျက်အောင်လုပ်တဲ့အမှုလို့ လူသိများတဲ့ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေ ပုဒ်မ ၁၁၂ ကို အစိုးရအနေနဲ့ ပြင်မလားဆိုတာကို ၀န်ကြီးချုပ်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုသင့်ပါတယ်။ အဲဒီဥပဒေကို ပြင်ဆင်မယ်ဆိုရင် လူမှုရေး ပဋိ ပက္ခတွေ ပိုဆိုးလာစေမှာ ဖြစ်ပါတယ်လို့ အဖိဆစ်က ပြောပါတယ်။

Ref: နေ့သစ်

0 comments:

အပေါ်သို့