Tuesday, December 27, 2011

မုန်တိုင်း​ငယ် မြန်မာနိုင်ငံဘက် ဦး​တည်လာခြင်း​မရှိ

December 26, 2011
ရွှေအောင်

ဘင်္ဂလား​ပင်လယ် ​အော်မှာ ဖြစ်​ပေါ်​နေတဲ့​ မုန်တိုင်း​ငယ်ဟာ အဝါ​ရောင်အဆင့်​သာရှိပြီး​ မြန်မာနိုင်ငံဘက်ကို ဦး​တည်လာခြင်း​ မရှိဘူး​လို့​ မိုး​လေဝသဌာနက ထုတ်ပြန်လိုက်ပါတယ်။

မိုး​လေဝသဌာနက လက်​ထောက်ညွှန်မှူး​ ဦး​ချစ်​ကျော်က“လက်ရှိအ​ခြေအ​နေမှာ ကျ​နော်တို့​ဘက် ဦး​တည်လာခြင်း​မရှိ​သေး​ဘူး​။ မုန်တိုင်း​ရဲ့​ အ​ခြေအ​နေကိုလည်း​ အဝါ​ရောင်အ​ခြေအ​နေလို့​ပဲ ​ပေး​ထား​တယ်။ အဝါ​ရောင် အ​ခြေအ​နေရဲ့​ အဓိပ္ပါယ်က ဘင်္ဂလား​ပင်လယ်​အော်မှာ မုန်တိုင်း​ငယ် တခုရှိတယ်။ အဲ့​ဒီ့​မုန်တိုင်း​ငယ်က မြန်မာနိုင်ငံကို ဦး​တည်​ရွေ့​လျား​လာခြင်း​မရှိဘူး​လို့​ အဓိပ္ပာယ်သက်​ရောက်ပါတယ်။ အခုအ​ခြေအ​နေမှာ မိုး​သည်း​သည်း​ထန်ထန်ရွာပြီး​တော့​ ​မြေပြို ​ရေကြီး​ မဖြစ်​သေး​ဘူး​။ ဘာလို့​လဲဆို​တော့​ ကျ​နော်တို့​ဘက်ကိုလည်း​ ဦး​မတည်​သေး​ဘူး​။ ကိုကိုး​ကျွန်း​နဲ့​လည်း​ မိုင် ၅၆၀ ဆို​ပေမယ့်​ မြန်မာကမ်း​ရိုး​တန်း​နဲ့​ဆိုရင် မိုင် ၆၆၀ ​ဝေး​ပါတယ်” လို့ ပြောပါတယ်။

ကိုကိုး​ ကျွန်း​ရဲ့​ အ​နောက်​တောင်ဘက်မိုင် ၅၆၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြု​နေပြီး​၊​ ​မြောက်၊​ အ​နောက်​မြောက်ဘက်ကို ဆက် လက်​ရွေ့​လျား​မယ်လို့​ ခန့်​မှန်း​ထား​တဲ့​အ​ကြောင်း​လည်း​ သူက​ပြောပါတယ်။

မုန်တိုင်း​ ငယ်က ထိုး​ထွက်​နေတဲ့​ တိမ်တန်း​ကြီး​ကြောင့်​ ရခိုင်ပြည်နယ်၊​ မြန်မာနိုင်ငံအလယ်ပိုင်း​၊​ ရှမ်း​ပြည်နယ်နဲ့​ ဧရာဝတီတိုင်း​တို့​မှာ မိုး​ရွာနိုင်ပြီး​၊​ မြန်မာ့​ကမ်း​ရိုး​တန်း​နဲ့​ ကမ်း​လွန်ပင်လယ်ပြင်မှာ လှိုင်း​ကြီး​နေတယ်လို့​ မိုး​ဇလဌာနက ​ပြောပါတယ်။

မုန်တိုင်း​ ငယ်ဟာ မြန်မာပြည်ဘက်ဦး​တည်မလာတဲ့​အတွက် မိုး​ကြီး​ပြီး​ ​မြေပြိုတာ၊​ ရုတ်တရက် ​ရေကြီး​တာမျိုး​တွေလည်း​ မဖြစ်​ပေါ်နိုင်ဘူး​လို့​ သိရပါတယ်။

ဒီမုန်တိုင်း​ငယ်ဟာ ဒီဇင်ဘာ ၂၄ ရက်က ဘင်္ဂလား​ပင်လယ်​အော် အ​ရှေ့​တောင်ဘက်မှာ ​လေဖိအား​နည်း​ရပ်ဝန်း​အဖြစ် စတင် တည်ရှိခဲ့​တာဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့