Tuesday, December 27, 2011

နိုင်ငံတကာသိပ္ပံနှင့် ပညာရေးစင်တာကို ဗီယက်နမ်တွင် တည်ဆောက်

26 December 2011

ပထမဆုံး နိုင်ငံတကာ သိပ္ပံနှင့် ပညာရေးစင်တာကို ဗီယက်နမ်နိုင်ငံ၊ အလယ်ပိုင်း Quy Nhon မြို့တွင် ဒီဇင်ဘာ ၁၈ ရက်နေ့က အခမ်းအနားဖြင့် ဖွင့်လှစ်ကာ စတင်တည်ဆောက်နေကြသည်။

နိုင်ငံတကာ သိပ္ပံ သုတေသန ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်အတွက် ရည်ရွယ်ပြီး ဒေသတွင်း သိပ္ပံပညာရှင်များအတွက် လည်း နှီးနှောဖလှယ်ပွဲများ ကျင်းပလျက် အတွေ့အကြုံများ ဝေမျှရာ နေရာဌာနတစ်ခုအနေဖြင့်လည်း မျှော်လင့်ထားသည်။

အမေရိကန် ဒေါ်လာ ၆ သန်းတန် အဆောက်အဦကို ၁၈၄၀၀၀ စတုရန်းမီတာ မြေကွက်တွင် တည်ဆောက်လျက်ရှိသည်။


လူ ၃၅၀ နှင့် ၁၅၀ အသီးသီးဆန့် ကွန်ဗန်းရှင်းခမ်းမ ၂ ခု၊ ပစ္စည်းကိရိယာ အစုံအလင်နှင့် သုတေသနခန်းများ၊ တည်းခိုရိပ်သာ နှင့် ဖျော်ဖြေရေး နေရာများ၊ ရေကူးကန်များ၊ ကစားကွင်းများ ပါရှိသည်။

အဆောက်အဦ စတင်ဆောက်လုပ်သည့်နေ့တွင်လည်း Quy Nhon မြို့တွင် နိုင်ငံတကာ သိပ္ပံညီလာခံတစ်ရပ်ကို ကျင်းပလျက် ရှိသည်။ တိုင်းပြည်တွင်းနှင့် နိုင်ငံတကာမှ ပါမောက္ခ ၁၁၀ ဦးက စွမ်းအင် ရူပဗေဒ ညီလာခံကို ကျင်းပခြင်းဖြစ်သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့