Tuesday, December 27, 2011

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ အိုင်စီ​တေး​ဂီတအဖွဲ့​ ​တွေ့​ဆုံ

December 26, 2011
ရွှေအောင်

မြန်မာပြည်ရဲ့​ အ​ကျော်ကြား​ဆုံး​ ​တေး​ဂီတအဖွဲ့​ တဖွဲ့​ဖြစ်တဲ့​ အိုင်း​ရင်း​ခ​ရော့​စ် ​တေး​ဂီတအဖွဲ့​ဟာ ဒီ​နေ့​​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်ကို သွား​ရောက် ​တွေ့​ဆုံခဲ့​ကြပါတယ်။

တက္ကသိုလ်ရိပ်သာလမ်း ​ ​နေအိမ်မှာ ဒီ​နေ့​ ည​နေပိုင်း​က သွား​ရောက် ​တွေ့​ဆုံခဲ့​ကြတာဖြစ်ပြီး​၊​ အိုင်း​ရင်း​ခ​ရော့​စ် အဖွဲ့​သား​တွေဖြစ် တဲ့​ အဆို​တော်​လေး​ဖြူ၊​ မျိုး​ကြီး​၊​ အငဲ၊​ ဝိုင်ဝိုင်း​၊​ တီး​ဝိုင်း​အဖွဲ့​သား​တွေဖြစ်တဲ့​ ချစ်စမ်း​မောင်၊​ ခင်​မောင်သန့်​၊​ ဗညား​စတဲ့​သူ​တွေနဲ့​ သူတို့​ရဲ့​ မိသား​စု​တွေ ပါဝင်ကြပါတယ်။

သွား​ရောက်​တွေ့​ဆုံရတဲ့​ အ​ကြောင်း​ကို ​ဘေ့​စ်ဂစ်တာသမား​ ကိုခင်​မောင်သန့်​က ခုလို​ပြောပြပါတယ်။


“​တော်​ တော်များ​များ​က သူတို့​ စီစဉ်တဲ့​ရက်နဲ့​ ကျ​နော်တို့​ ကြိုလက်ခံထား​တဲ့​ပွဲနဲ့​ တိုက်​နေတယ်။ ​လော​လောဆယ် ဒီပွဲမှာ ကျ​နော်တို့​ ပါဝင်ခွင့်​ မရဘူး​။ ​ကောလာဟလ အမျိုး​မျိုး​ ထွက်​နေလို့​။ ပွဲ​တွေစပြီး​ စီစဉ်​နေတဲ့​ အချိန်မှာ ​လေး​ဖြူက စင်ကာပူမှာ ​ရောက်​နေတယ်။ ချစ်စမ်း​မောင်က အ​မေရိကား​မှာ ​ရောက်​နေတယ်။ သူတို့​အဲဒီမှာ အသီး​သီး​ရောက်​နေချိန် ကျ​နော်တို့​က အရမ်း​ကြီး​လက်မခံရဲဘူး​။ အဲဒါ အပြင်မှာ ​ကောလာဟလ အမျိုး​မျိုး​ ထွက်​နေလို့​ အန်တီ့​ကိုသွား​ပြောပြတာ။”

တွေ့​ ဆုံချိန် အချိန်တိုအတွင်း​ ​ထွေရာ​လေး​ပါး​ စကား​တွေပဲ ​ပြောဖြစ်ကြတဲ့​ အ​ကြောင်း​နဲ့​ ​နောင်မှာ ထပ်​တွေ့​ကြဖို့​ ရှိတယ်လို့​လည်း​ ​ပြောပါတယ်။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကြီး​မှူး​ပြုလုပ်တဲ့​ တိုင်း​ရင်း​သား​ပညာ​ရေး​ ရန်ပုံ​ငွေ ဂီတ​ဖျော်​ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်​နေ့​မှာ ကျင်း​ပမှာဖြစ်ပြီး​ အိုင်စီ အဖွဲ့​သား​တွေကလွဲလို့​ ကျန်တဲ့​ ​တေး​ဂီတအဖွဲ့​နဲ့​ ​တေး​သံရှင်​တွေ အား​လုံး​နီး​ပါး​ ပါဝင်​ဖျော်​ဖြေကြမှာ ဖြစ်ပါ တယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့