Thursday, December 29, 2011

တရုတ်အရှေ့ပိုင်း အလုပ်သမားထောင်ချီ ဆန္ဒပြ

28 ဒီဇင်ဘာ 2011

တရုတ်နိုင်ငံအရှေ့ပိုင်း၊ နန်ကျင်းမြို့က တောင်ကိုရီးယားနိုင်ငံပိုင် အီလက်ထရောနစ် လျှပ်စစ်ပစ္စည်း စက်ရုံက အလုပ်သမား ထောင် ကျော်ဟာ အလုပ်မဆင်းဘဲ သပိတ်မှောက် ဆန္ဒပြနေကြတယ်လို့ LD ကုမ္ပဏီကရော တရုတ်အစိုးရအရာရှိတွေကပါ အတည်ပြု လိုက်ပါတယ်။

LD ရုပ်မြင်သံကြား၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံက အလုပ်သမား ၈ ထောင်ခန့်ဟာ နှစ်သစ်ကူး ရာသီ၊ ဆုကြေးငွေပေးဝေမှု မတရားတာကြောင့် အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

အဲဒီစက်ရုံက တောင်ကိုရီးယားနိုင်ငံသား အလုပ်သမားတွေက နှစ်သစ်ကူးဆုကြေးအဖြစ် ၆ လစာနဲ့ ညီမျှတဲ့ ငွေကြေးပမာဏကို ရရှိကြပြီး ဒေသခံတရုတ်အလုပ်သမားတွေကတော့ တလစာပဲ ဆုကြေး ရရှိကြတာကြောင့် မကျေနပ်လို့ ဆန္ဒပြ သပိတ်မှောက် နေကြတာလို့ ဆိုပါတယ်။

Ref: ဗွီအိုအေ

0 comments:

အပေါ်သို့