Wednesday, December 28, 2011

မွန်ပြည်နယ် မိုး​နိုင်း​ရွာ မီး​လောင်မှု က​လေး​ငယ်နှစ်ဦး​ ​သေဆုံး

December 27, 2011
နော်နိုရင်း

မွန်ပြည်နယ် ​ပေါင်မြို့​နဲ့​ ဇင်း​ကျိုက်ရွာကြား​က မိုး​နိုင်း​ရွာမှာ ဒီ​နေ့​မနက် ၇ နာရီ​လောက်က မီး​လောင်မှု ဖြစ်ပွား​ခဲ့​တဲ့​အတွက် အိမ် ၈ လုံး​ မီး​လောင် ပျက်စီး​ခဲ့​ပြီး​ က​လေး​ငယ် နှစ်ဦး​ မီး​လောင် ​သေဆုံး​သွား​တယ်လို့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

မိခင်ဖြစ်သူ ​ဈေး​သွား​ချိန် မီး​လောင်မှု ဖြစ်ပွား​ခဲ့​လို့​ က​လေး​တွေ ​သေဆုံး​ သွား​တာလို့​ ဆိုပါတယ်။

ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်​နေ့​ကလည်း​ ​ပေါင်မြို့​နယ် ဇင်း​ကျိုက်ရွာမှာ မီး​လောင်မှု ဖြစ်ခဲ့​တဲ့အတွက် အိမ်​ခြေ ၁၂၄ လုံး​ မီး​လောင်ပျက်စီး​ခဲ့​ပြီး​ လူ ၁ ​ထောင်နီး​ပါး​ အိုး​အိမ်မဲ့​ဖြစ်သွား​တယ်လို့​ ဒီ​နေ့​ထုတ် မြန်မာ့​အလင်း​သတင်း​စာမှာ ​ဖော်ပြထား​ပါတယ်။

ဇင်း​ ကျိုက်ရွာ ​နေအိမ်တလုံး​မှာ မီး​အား​မြှင့်​စက် အသုံး​ပြု​နေချိန် ဗို့​အား​မြင့်​တက်ပြီး​ အပူချိန်လွန်ကဲရာက မီး​စတင်​လောင်ကျွမ်း​တာလို့​ သိရပါတယ်။

ခရစ္စမတ်​နေ့​ ညသန်း​ခေါင်အချိန် မီး​လောင်မှု စတင်ဖြစ်ပွား​ပြီး​ ၂၆ ရက်​နေ့​ မနက်ပိုင်း​ကျမှ မီး​ငြိမ်း​သတ်နိုင်ခဲ့​တာလို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။

အိုး​အိမ်မဲ့​ ဖြစ်သွား​ခဲ့​တဲ့​ လူ ၁ ​ထောင်နီး​ပါး​အတွက် ဇင်း​ကျိုက်ရွာ မူလတန်း​ကျောင်း​မှာ ကယ်ဆယ်​ရေး​စခန်း​ ဖွင့်​ပေး​ထား​ပြီး​ အစိုး​ရအဖွဲ့​အစည်း​တွေနဲ့​ ပုဂ္ဂလိက အလှူရှင်​တွေ လာ​ရောက်လှူဒါန်း​ခဲ့​တယ်လို့​ ဆိုပါတယ်။

အလား​တူ တနင်္သာရီတိုင်း​ မြိတ်မြို့​နယ် မြိတ်​တောင်ရပ်ကွက်မှာလည်း​ မ​နေ့​ည ၉ နာရီ​လောက်က ဝါယာ​ရှော့​က​နေ မီး​လောင်မှု တခု ဖြစ်ပွား​ခဲ့​ပါတယ်။

မီး​လောင်မှု​ ကြောင့်​ မြိတ်​တောင်ရပ်ကွက် အုပ်ချုပ်​ရေး​ရုံး​တခုလုံး​ မီး​လောင် ပြာကျသွား​ပေမယ့်​ လူ​နေအိမ်​တွေကို မကူး​စက်ဘူး​လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့