Thursday, December 29, 2011

ရွေးကောက်ပွဲတွေ မျှတမှန်ကန်ဖို့ အင်ဒိုနီးရှားက မြန်မာကို တိုက်တွန်း

2011-12-28

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa က ကျင်းပမဲ့ ရွေးကောက်ပွဲများမှာ မှန်မှန်ကန်ကန် ဆောင်ရွက် ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ နေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဟာ ဒီကနေ့ ညနေ၃နာရီက ဒေါ်အောင်ဆန်းစုကြည်ကို တက္က သိုလ်ရိပ်သာလမ်း နေအိမ်မှာ တနာရီနီးပါးတွေ့ဆုံခဲ့ ကြောင်း NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကိုပြော ပါတယ်။


အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ဆီဒိုနားဟိုတယ်မှာ သတင်းစာရှင်းပွဲပြုလုပ်ပါတယ်။ ဒီသတင်းစာရှင်းပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတွေ့ဆုံခဲ့ ပုံတွေကို ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းထောက်တဦးက ပြောပါတယ်။

သတင်းစာရှင်းပွဲမှာ လာမယ့် ၄ နှစ်အတွင်း အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ အမေရိကန် ဒေါ်လာ သန်း ၅၀၀ကျော်ဖိုး ကုန် သွယ်မှာဖြစ် သလို အခုလာမဲ့၂၀၁၂ခုနှစ် အတွင်း မြန်မာနိုင်ငံက သစ်တော၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်းနဲ့ သယ်ယူပို့ ဆောင် ရေးလုပ်ငန်းတွေ ဖွံဖြိုးဖို့အတွက်လည်း ပညာရပ်ဆိုင်ရာ သင်တန်းတွေ စီစဉ်ပေးမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး က ပြောဆိုသွားပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့