Wednesday, December 28, 2011

ဂျာနယ်​ကျော်ဦး​ချစ်​မောင် ရာပြည့်​ပွဲကျင်း​ပမည်

December 27, 2011
ရွှေအောင်

ဂျာနယ်​ကျော် ဦး​ချစ်​မောင် ရာပြည့်​အခမ်း​အနား​ကို ရန်ကုန်မြို့​ ကမ်း​နား​လမ်း​မှာရှိတဲ့​ စာ​ပေဗိမာန်၊​ စာနယ်ဇင်း​ခန်း​မနဲ့​ ​ရွှေဂုံတိုင် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​တို့​မှာ ၂၀၁၂ ခု ဇန်နဝါရီ ၁ ရက်​နေ့​ ကျင်း​ပပြုလုပ်သွား​မှာ ဖြစ်ပါတယ်။

စာ​ ပေဗိမာန်မှာ လုပ်မယ့်​ ရာပြည့်​အခမ်း​အနား​ကို ဂျာနယ်​ကျော် ဦး​ချစ်​မောင်ရဲ့​ ​မြေး​ သီဟရတနာ စာ​ပေတိုက်ပိုင်ရှင် ဦး​သိမ်း​စိုး​က စီစဉ်ကျင်း​ပတာပါ။

အခမ်း​အနား​ မှာ ဂျာနယ်​ကျော် ဦး​ချစ်​မောင်အ​ကြောင်း​ ​ဟော​ပြောတာ၊​ ဦး​ချစ်​မောင်ရဲ့​ စာ​ပေမှတ်တမ်း​မှတ်ရာ​ ခင်း​ကျင်း​ပြသတာ​တွေ ပြုလုပ်သွား​မယ်လို့​ ဦး​သိမ်း​စိုး​က ​ပြောပါတယ်။

ရာပြည့်​ ပွဲပြုလုပ်ရတဲ့​ အ​ကြောင်း​ရင်း​နဲ့​ပတ်သက်လို့​ ဦး​သိမ်း​စိုးက “နှစ် ၁၀၀ ဆိုတာက ကြုံ​တောင့်​ကြုံခဲ​ပေါ့​။ ဆရာကြီး​ မင်း​သုဝဏ်တို့​၊​ လူထုဦး​လှတို့​က နှစ် ၁၀၀ ပြည့်​တွေ၊​ အကုန်လုံး​လုပ်သွား​ကြတာပဲ။ ဒီပွဲက​တော့​ ကျ​နော့်​အဖိုး​ နှစ် ၁၀၀ ပြည့်​လည်း​ဖြစ်တယ်။ ဒါက မဖြစ်မ​နေ လုပ်ရမယ့်​ အ​နေအထား​တခုပဲ။ ​နောက်တခုက ​ရှေ့​ကျ​နော်လုပ်ခဲ့​တဲ့​ အ​ခြေအ​နေမှာ ဂျာနယ်​ကျော်​တွေကို လူ​တွေ​တော်​တော်များ​များ​ကို မပြနိုင်ခဲ့​ဘူး​။ အဲဒီ​တော့​ အဲဒီ​ရှေ့​ပွဲ​တွေမှာလည်း​ သူတို့​က ဂျာနယ်​ကျော်ကို ​သေ​သေချာချာ​လေး​ ကြည့်​ချင်တယ်။ ​လေ့​လာချင်တယ်။ အဲဒါမျိုး​တွေရှိတယ်။ အဲ​တော့​ ကျ​နော်က ဒီပွဲမှာ​တော့​ ဘယ်သူမဆို အကုန်လုံး​ ​လေ့​လာနိုင်​အောင်၊​ ဒါကို ဗွီဒီယို ရိုက်သွား​မလား​။ တရွက်ချင်း​ အကုန်လုံး​ အဲဒါ​တွေပါ လုပ်​ပေး​ဖို့​ စီစဉ်ထား​တယ်။”

ဂျာနယ်​ ကျော်ဦး​ချစ်​မောင် ရာပြည့်​အခမ်း​အနား​ကို စာ​ပေ​လောကသား​ အား​လုံး​ကို ဖိတ်ကြား​ထား​ပြီး​၊ တက်​ရောက်ကြဖို့​လည်း​ နှိုး​ဆော်ထား​ပါတယ်။ အဲ့​ဒီ​နေ့​မှာပဲ ဂျာနယ်​ကျော် ဦး​ချစ်​မောင် ဆိုတဲ့​စာအုပ် ထုတ်​ဝေဖြန့်​ချိဖို့​ရှိပြီး​ ​ဆောင်း​ပါး​ပုဒ်​ရေ ၃၀ ပါရှိတယ်လို့​ သိရပါတယ်။

ရာပြည့်​အခမ်း ​အနား​မှာ ဂျာနယ်​ကျော် ဦး​ချစ်​မောင်အ​ကြောင်း​ ​ဟော​ပြောမယ့်​ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာ ​မောင်ဝံသကလည်း​ သူ​ပြောမယ့်​ အ​ကြောင်း​အရာနဲ့​ ပတ်သက်ပြီး​ ခုလို ​ပြောပါတယ်။

“ဂျာနယ်​ကျော် ဦး​ချစ်​မောင် ရာပြည့်​ကျင်း​ပတဲ့​ အချိန်မှာ ကျ​နော်တို့​ မြန်မာနိုင်ငံမှာ သတင်း​မီဒီယာ​လောက အ​ပြောင်း​အလဲ​တွေ အစပျိုး​လာပြီး​တော့​ တမျိုး​အ​ပြောင်း​အလဲ​တွေ ဖြစ်လာတယ်။ စာနယ်ဇင်း​လွတ်လပ်ခွင့်​ အများ​ကြီး​ကို ​လျော့​နည်း​တဲ့​အချိန်က​နေ အခု တဖြည်း​ဖြည်း​နဲ့​ စာနယ်ဇင်း​လွတ်လပ်ခွင့်​ကို အလား​အလာ​တွေ ရှိလာတယ်။ ​ရေး​လို့​သား​လို့​ ရလာတယ်။ ဂျာနယ်ဦး​ချစ်​မောင် ကာလတုန်း​က​တော့​ ကိုလိုနီ လက်ထက်​အောက်မှာ စာနယ်ဇင်း​လွတ်လပ်ခွင့်​ အတွက် ​ကောင်း​ကောင်း​အသုံး​ချပြီး​တော့​ သူတို့​လုပ်ခဲ့​ကြတယ်​ပေါ့​။ အခုလည်း​ ကျ​နော်တို့​က မီဒီယာ ဥပ​ဒေတို့​ ဘာတို့​ပေါ်လာမယ်ဆို​တော့​ ဂျာနယ်​ကျော် ဦး​ချစ်​မောင်တို့​ရဲ့​ အစဉ် အလာကို ဆက်ပြီး​တော့​ ထိန်း​လို့​ရတယ်​ပေါ့​။ သတင်း​မီဒီယာ လုပ်ငန်း​နဲ့​ သတင်း​စာပညာနဲ့​ တိုင်း​ပြည်အကျိုး​ပြုမယ်ဆိုပြီး​ ဒီလမ်း​ကြောင်း​ကို ဆက်ပြီး​တော့​ ကျ​နော်တို့​က လိုက်မယ်ဆိုတဲ့​အ​ကြောင်း​ အဲလို​ပြောရမှာ​ပေါ့​။”

ဂျာနယ်​ ကျော်ဦး​ချစ်​မောင် ရာပြည့်​အခမ်း​အနား​ကို ဇန်နဝါရီ ၁ ရက်​နေ့​မှာပဲ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​ခန်း​မမှာ၊​ မွန်း​လွဲ တနာရီအချိန် ပြုလုပ်ဖို့​ရှိပြီး​ ဗဟိုအလုပ်အမှု​ဆောင်လည်း​ဖြစ်၊​ သတင်း​စာဆရာကြီး​လည်း​ဖြစ်တဲ့​ ဟံသာဝတီ ဦး​ဝင်း​တင်က ဆရာကြီး​အ​ကြောင်း​ ​ဟော​ပြောဖို့​ရှိပါတယ်။

အဖွဲ့​ချုပ်က ပြုလုပ်မယ့်​ အခမ်း​အနား​ကိုလည်း​ စိတ်ပါဝင်စား​သူ မည်သူမဆို တက်​ရောက်နိုင်တဲ့​ အ​ကြောင်း​ အဖွဲ့​ချုပ် ပြန်ကြား​ရေး​က ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဂျာနယ်​ ကျော်ဦး​ချစ်​မောင်ဟာ ဗိုလ်ချုပ်​အောင်ဆန်း​နဲ့​အတူ လွတ်လပ်​ရေး​ တိုက်ပွဲဝင်ခဲ့​တဲ့​ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာကြီး​ ဖြစ်ပါတယ်။

ဂျာနယ်​ကျော် ဦး​ချစ်​မောင် နာမည်နဲ့​ သတင်း​ဆောင်း​ပါး​တွေ၊​ ​ခေါင်း​ကြီး​တွေ အများ​အပြား​ ​ရေး​သား​ခဲ့​သလို ​ရွှေလင်း​ယုန် က​လောင်အမည်နဲ့​လည်း​ နိုင်ငံ​ရေး​ကျမ်း​တွေ၊​ ဝတ္ထု​တွေ ​ရေး​သား​ခဲ့​သူလည်း​ ဖြစ်ပါတယ်။

ဂျာနယ်​ကျော် ဦး​ချစ်​မောင်ကို ၁၉၁၂ ခုနှစ် ဇန်နဝါရီ ၁ ရက်​နေ့​ ပဲခူး​တိုင်း​၊​ အုတ်ဖိုမြို့​မှာ အဘဦး​မြ၊​ အမိ​ဒေါ်​စောယုတို့​က ​မွေး​ဖွား​ခဲ့​ပါတယ်။

၁၉၃၀ ခုနှစ်​လောက်ကစလို့​ သတင်း​စာဆရာအဖြစ် ထင်ရှား​ခဲ့​ပါတယ်။ ၁၉၃၉ ခုနှစ်မှာ ဂျာနယ်​ကျော် စာ​စောင်ကို ဦး​စီး​ထုတ်​ဝေခဲ့​ပြီး​ ဂျာနယ်​ကျော် ဦး​ချစ်​မောင် အမည် တွင်ကျယ်ခဲ့​တာပါ။ လွတ်လပ်​ရေး​ရဖို့​ က​လောင်ကိုင် တိုက်ပွဲဝင်ရင်း​ ၁၉၄၆ ခုနှစ်မှာ ကွယ်လွန်ခဲ့​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့