Wednesday, December 28, 2011

ထိုင်း​ဘဏ်များ​ မြန်မာပြည်တွင် သွား​ရောက်ဖွင့်​လှစ်မည်

December 27, 2011

ထိုင်း​ နိုင်ငံက ထိပ်တန်း​ ပုဂ္ဂလိကဘဏ်တချို့​ဟာ မြန်မာနိုင်ငံမှာ သွား​ရောက်ဖွင့်​လှစ်ဖို့​ စီစဉ်​နေကြတယ်လို့​ ဒီက​နေ့​ ထိုင်း​နိုင်ငံထုတ် သည်​နေး​ရှင်း​သတင်း​စာမှာ ​ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်း​တွေ တိုး​ချဲ့​ဖို့​ပြင်ဆင်​နေတဲ့​ ဘဏ်​တွေက​တော့​ Krung Thai Bank (KTB) ဘဏ်နဲ့​ Siam Commercial Bank (SCB) ဘဏ်​တွေဖြစ်ပါတယ်။


KTB ဘဏ် ဥက္ကဋ္ဌ အဖိဆတ် တန်တိဝိုရာ​ဝေါင်က​တော့​ မြန်မာနိုင်ငံဟာ အာဆီယံမှာ ​ဈေး​ကွက်တခုဖြစ်လာပြီး​ ဘဏ်လုပ်ငန်း​အပါအဝင် စီး​ပွား​ရေး​ လုပ်ငန်း​အား​လုံး​မှာ အလျင်အမြန် ဖွံ့​ဖြိုး​တိုး​တက်မယ့်​ အလား​အလာ​တွေ မြင်​တွေ့​နေရတဲ့​အတွက် မြန်မာ့​စီး​ပွား​ရေး​မှာ ပိုမိုပါဝင်ပတ်သက်ဖို့​ ​စောင့်​ကြည့်​နေတယ်လို့​ပြောပါတယ်။

SCB ဘဏ် ဥက္ကဋ္ဌ ကန်နီကာ ချာလိတာပွန်း​က​တော့​ မြန်မာနိုင်ငံမှာ ကိုယ်စား​လှယ်ရုံး​ဖွင့်​လှစ်ဖို့​ ထိုင်း​ဗဟိုဘဏ်က​နေ ခွင့်​ပြုချက်​စောင့်​နေတဲ့​ အ​ကြောင်း​နဲ့​ မြန်မာနိုင်ငံမှာ နိုင်ငံခြား​ဘဏ်​တွေ ဖွင့်​လှစ်ခွင့်​လိုင်စင်ချ​ပေး​တာနဲ့​ဘဏ်ခွဲသွား​ဖွင့်​ဖို့​အသင့်​ဖြစ်​ နေပြီလို့​ပြောပါတယ်။

မြန်မာပြည် တွင်း​ဘဏ်​တွေက အာဆီယံနိုင်ငံတချို့​မှာ ဘဏ်ခွဲ​တွေသွား​ဖွင့်​ဖို့​ပြင်​နေတယ်လို့​ သတင်း​တွေထွက်​နေချိန်မှာ ထိုင်း​ဘဏ်​တွေကလည်း​ မြန်မာပြည်ဝင်ဖို့​ပြင်​နေတာပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့