Thursday, July 21, 2011

ကချင်ဒုက္ခသည်များ​အတွက် အ​ရေး​ပေါ်အကူအညီလိုအပ်

July 21, 2011
နေသွင်

ကချင်ပြည်နယ်ထဲက စစ်ပွဲ​တွေမှာ ကချင်အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​ဖို့​ စစ်သား​တွေက အထက်က အမိန့်​ရထား​တဲ့​အတိုင်း​၊​ မုဒိမ်း​မှု​ပေါင်း​ ၃၂ မှုရှိ​နေပြီလို့​ ထိုင်း​နိုင်ငံအ​ခြေစိုက် ကချင်အမျိုး​သမီး​အဖွဲ့က ဆိုပါတယ်။


ဇွန်လဆန်း​က စတင်ခဲ့​တဲ့​ တိုက်ပွဲဟာ တလ​ကျော်ကြာလာတဲ့​တိုင် ဒုက္ခသည်​တွေအတွက် ​ဆေး​ဝါး​၊​ ရိက္ခာ​တွေ အ​ရေး​ပေါ်လိုအပ်​နေတယ်လို့​ ကချင်အမျိုး​သမီး​အဖွဲ့ရဲ့​ ​ပြောခွင့်​ရ ရှယ်လီဆိုင်း​က ​ပြောပါတယ်။

“စစ်​ကြောင်း​ နဲ့​ နည်း​နည်း​ဝေး​တဲ့​ စစ်ဖြစ်တဲ့​နေရာ​တွေမှာ စုပြီး​နေကြတယ်။ ကူညီတဲ့​လူ​တွေက​တော့​ အဲဒီမှာရှိတဲ့​ လူထုအဖွဲ့
လူငယ်​တွေ၊​ အမျိုး​သမီး​တွေ​ပေါ့​။ အခုလိုင်ဇာဘက်မှာဆိုရင် လည်း​ လာဟင်ဆိုတဲ့​ အဖွဲ့ရှိတယ်။ မိုင်တိုင်ယန်း​ ဘက်မှာ ဆိုရင် WPM ဆိုတဲ့​ ဖွဲ့ထား​တဲ့​ လူထုနဲ့​ အမျိုး​သမီး​လူငယ်​တွေ အဲဒီက သာသနာဆရာ​တွေ အား​လုံး​ဝိုင်း​ဝန်း​ပြီး​တော့​ အကျိုး​ ဆောင်​နေတယ်။ ရိက္ခာ​တော့​ ဆန်၊​ ဆီ၊​ ဆား​ပေါ့​။”

ဇွန်လ ၉ ရက်​နေ့​က​နေ စခဲ့​တဲ့​ ကချင်ပြည်နယ်နဲ့​ ရှမ်း​ပြည်​မြောက်ပိုင်း​က တိုက်ပွဲ​တွေ​ကြောင့်​ တရုတ်-မြန်မာ နယ်စပ်မှာခိုလှုံ​နေတဲ့​ ကချင်ဒုက္ခသည် တ​သောင်း​ခြောက်​ထောင်ရှိပြီး​ ဆက်လည်း​ တိုး​လာ​နေတယ်လို့​ ကချင်အမျိုး​သမီး​အဖွဲ့​ကဆိုပါတယ်။
မိုး​ရာသီ လယ်ယာစိုက်ပျိုး​ချိန်မှာ လုပ်ငန်း​တွေကို စွန့်​ပြီး​ ထွက်​ပြေး​နေရတဲ့​အတွက် ​ရှေ့​ဆက် ပိုပြီး​ ဒုက္ခ​ရောက်နိုင်တယ်လို့​ ကချင်အမျိုး​သမီး​အဖွဲ့ကဆိုပါတယ်။

“ဗမာပြည်အစိုး ​ရကို ဖိအား​ပေး​ဖို့​၊​ အား​လုံး​ တပြည်လုံး​ငြိမ်း​ချမ်း​စွာ စကား​ပြောနိုင်ဖို့​ လိုလား​တယ်။ ​နောက် ဒီလိုမျိုး​ စစ်ကြီး​ပဲ ဆက်ဖြစ်​နေမယ်ဆိုရင် ပြည်သူလူထု​တွေ ဒုက္ခ​ရောက်တယ်။ မိုး​တွင်း​လည်း​ ဖြစ်တယ်ဆို​တော့​ ​တော်​တော်ဒုက္ခ​ရောက်ကြပါတယ်။ ဆန်စပါး​စိုက်တဲ့​ အချိန်လည်း​ဖြစ်တယ်။ အခုထွက်​ပြေး​နေရ​တော့​ ​နောက်ဆို ကျမတို့​မှာ အခက်အခဲ ပြည်သူလူထုအတွက် ပိုပြီး​ဒုက္ခ​ရောက်မယ်။”

မ​နေ့​ ကအထိလည်း​ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော်( ​ကေအိုင်​အေ) နဲ့​ မြန်မာ စစ်တပ်အကြား​ ဖြစ်ပွား​နေတဲ့​ အစိုး​ရတပ်ချီတက်ရာလမ်း​တ​လျှောက်က ​ကျေး​ရွာ​တွေမှာ အစိုး​ရတပ်က အရပ်သား​တွေကို ​ပေါ်တာဆွဲ​နေပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့