Thursday, July 21, 2011

ပေါ်တာများ​နှင့်​ချီတက်လာသည့်​စစ်​ကြောင်း​ကို ​ကေအိုင်​အေ ချုံခိုတိုက်ခိုက်

July 21, 2011

ကချင်ပြည်နယ်၊ ​ ဝိုင်း​မော်မြို့နယ်အတွင်း​ မ​နေ့​က ကချင်ပြည်လွတ်လပ်​ရေး​ တပ်မ​တော် (ကေအိုင်​အေ) နဲ့​ အစိုး​ရတပ်ဖွဲ့အကြား​ တိုက်ပွဲဖြစ်ခဲ့​ပါတယ်။


ကေအိုင်​ အေတပ်ရင်း​ ၃ နယ်​မြေအတွင်း​ဝင်​ရောက်လာတဲ့​ မပခလက်​အောက်ခံ စစ်​ကြောင်း​တခုကို ​ကေအိုင်​အေတပ်ရင်း​ ၃ တပ်ဖွဲ့ဝင်​တွေက ချုံခိုတိုက်ခိုက်ခဲ့​တယ်လို့​ ​ကေအိုင်​အေနဲ့​ နီး​စပ်သူက ​ပြောပါတယ်။

“ချီ​ဗွေနဲ့​ ဝါး​ရှောင်ကြား​ထဲက ဘွမ်​တောင်ယန်မှာ မ​နေ့​က အစိုး​ရ စစ်တပ်က စစ်​ကြောင်း​သွား​နေတဲ့​ခါမှာ ​ကေအိုင်​အေက ကြား​က​နေ ချုံခိုတိုက်တာ​ပေါ့​လေ။ အဲဒီမှာ အစိုး​ရ စစ်တပ်က ၄ ဦး​ကျတယ်။ ​ကေအိုင်​အေက ​သေနတ် ၂ လက် ​ကောက်ခဲ့​တယ်။ အဲဒီမှာ ​ပေါ်တာ​တွေလည်း​ ​တော်​တော်များ​များ​ ပါတယ်။ တိုက်ပွဲဖြစ်​တော့​ ​ပေါ်တာ​တွေက ​ပြေး​ရင်း​နဲ့​ ​ကေအိုင်​အေနယ်ဘက် ​ရောက်ခဲ့​တယ်​ပြောတယ်။ ​ကေအိုင်​အေက ​ပေါ်တာ ၆ ​ယောက်ကိုလည်း​ ထိန်း​သိမ်း​ထား​တယ် ​ပြောတယ်။”

ကေအိုင်​အေ ဌာနချုပ်ရှိရာ လိုင်ဇာနဲ့​ ​ကေအိုင်​အေတပ်စခန်း​ ​တွေရှိရာ အနီး​တဝိုက်မှာ မြန်မာစစ်တပ်ဘက်မှ စစ်​ကြောင်း​တွေ ဝင်​ရောက်လှုပ်ရှား​မှု များ​ပြား​လာ​နေပြီး​ အဲဒီစစ်​ကြောင်း​တွေ ချီတက်ရာ လမ်း​တ​လျှောက်က ​ကျေး​ရွာ​တွေမှာ အိမ်​မွေး​ ကြက်၊​ ဝက်၊​ သတ်စား​တာ​တွေ၊​ အမျိုး​သား​တွေကို ​ပေါ်တာဆွဲတာ​တွေ၊​ ရိုက်နှက်တာ​တွေ၊​ အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာ​တွေ ရှိ​နေတယ် လို့​ လိုင်ဇာကလာတဲ့​ သတင်း​တွေအရ သိရပါတယ်။

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က ဆင်ဘိုမှ ချီတက်လာတဲ့​ စစ်​ကြောင်း​တခုက ဗန်း​မော်-မြစ်ကြီး​နား​ကား​လမ်း​ပေါ်ရှိ မဒီယန်​ကျေး​ရွာ အနီး​ ကူယန်ဆိုသည့်​ ​တောင်​ပေါ် ကချင်ရွာမှာ တပ်စွဲစခန်း​ချ​နေပြီး​ ရွာက အသက် ၆ဝ နဲ့​ အသက် ၁၄ နှစ်အရွယ် အမျိုး​သမီး​အပါ အဝင် အမျိုး​သမီး​ ၁ဝ ဦး​ခန့်​ကို ​ကျေး​ရွာအတွင်း​ စစ်သား​တွေက အဓမ္မပြုကျင့်​တာ ​တွေရှိခဲ့​တယ်လို့​ ​ကေအိုင်အိုအမျိုး​သမီး​ရေး​ရာအဖွဲ့​ထံ ​ဒေသခံရွာသား​တွေက လာ​ရောက် တိုင်ကြား​ ထား​ ​ကြောင်း​ လိုင်ဇာကလာတဲ့​သတင်း​တွေအရ သိရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့