Tuesday, July 19, 2011

မြန်မာ့ ၀က် မီဇိုရမ် လက်မခံ

2011-07-18

မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ၀က်နားရွက်ပြာ ရောဂါ ဖြစ်ပွားနေတဲ့ အတွက် မြန်မာနိုင်ငံဘက်က ၀က်တွေ မီဇိုရမ် ပြည်နယ်ထဲ တင်သွင်းတာကို ပိတ်လိုက်တယ်လို့  အိန္ဒိယတိ-မွေး-ကု ဌာနက ပြောပါတယ်။


ဒီလိုတားမြစ်တာကို ပထမအဆင့် အနေနဲ့  အချိန် ၂ လ သတ်မှတ်ထားတယ်လို့  သိရပါတယ်။

ဝက်နားရွက်ပြာရောဂါ ကူးစက်ခံရတဲ့ ၀က်တွေမှာ အသက်ရှူ လမ်းကြောင်း ရောဂါနဲ့ သားပျက်သားလျှော ဖြစ်ပြီး သေဆုံး တယ် လို့ သိရပါတယ်။

အခုလို ၀က်တင်သွင်းမှု ပိတ်ပင်လိုက်ပေမဲ့  မီဇိုရမ် ပြည်နယ်မှာ ၀က်နားရွက်ပြာ ရောဂါ ကူးစက်မှု ရှိမရှိ အတိအကျ မသိရ သေး ဘူးလို့  ဆိုပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့