Thursday, July 21, 2011

ဟိန္ဒူဘာသာဝင် NLD အဖွဲ့ဝင် နယ်ကျော်မှုနဲ့ အဖမ်းခံရ

2011-07-20

အမျိုးသားဒီမိုကရေစီ အဖွဲ့ ဝင်တဦးဖြစ်သူ တပ်ကုန်းမြို့ နယ် ဗိုလ်မင်းရောင် ရပ်ကွက်နေ ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်ကို မိတ္ထီလာမြို့ နယ်မှာကျင်းပတဲ့ ၁၅ မြို့ နယ် အစည်းအဝေး တက်ရောက်ရာက အပြန် ဗုဒ္ဓဟုးနေ့ ညနေပိုင်းမှာ SB၊ စရဖ၊ လဝက ပူးပေါင်းအဖွဲ့ က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဦးအောင်လှမြင့်ကို မိတ္ထီလာမှ တပ်ကုန်းကို အပြန် မြို့အ၀င် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသွားတယ်လို့ သားဖြစ်သူက ပြောပြ ပါတယ်။

ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်ဟာ ဟိန္ဒူဘာသာဝင် ဖြစ်ပြီး ဧည့်နိုင်ငံသား လက်မှတ်ကို ကိုင်ဆောင်သူ ဖြစ်ပါတယ်။

သူ့ ရဲ့လှုပ်ရှားမှုတွေကြောင့် ပစ်မှတ်ထား ဖမ်းဆီးခြင်း ဖြစ်တယ်လို့ ယူဆကြောင်း သားဖြစ်သူ ကိုကူးမားက ပြောပြပါတယ်။

မိတ္ထီလာကို သွားစဉ် နယ်ကျော်မှုနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ကြောင်း၊ တပ်ကုန်းမှ တခြားသူများလည်း နယ်ကျော်ကြတာ ဖြစ်ပေမည့် ငွေပေးပြီး လက်ခံခဲ့ကြကြောင်း၊ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကလည်း သူရဲ့ ဖခင်ဖြစ်သူကို နယ်ကျော်မှုနဲ့ ဖမ်းဆီးပြီး ရဲစခန်းမှာတင် နာရီပိုင်းအတွင်း တရားစီရင် ဆုံးဖြတ်ပြီး ထောင်ချခဲ့ကြောင်း၊ နိုင်ငံရေးလုပ်သူများကို စောင့်ကြည့် ဖမ်းဆီးတယ်လို့ ယူဆကြောင်း သားဖြစ်သူက ပြောပါတယ်။

ဦးအောင်လှမြင့် ခေါ် ဦးဖိုးထောင်ရဲ့ မိသားစု နဲ့ ဆွေမျိုးသားခြင်းတွေ အားလုံးဟာ ဧည့်နိုင်ငံသား လက်မှတ် ကိုင်ဆောင်သူတွေ ဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံသား ဖြစ်ဖို့ လျှောက်ထားရာမှာ အခြားဘာသာဝင်တွေ ရရှိသော်လည်း သူတို့ကတော့ မရရှိခဲ့ဘူးလို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့