Wednesday, July 20, 2011

ထိုင်းစစ်ရဟတ်ယာဉ် မြန်မာပြည်ထဲ ပျက်ကျ

July 19, 2011
မန်းစိုင်းမွန်

ထိုင်း ဘလက်ဟော့ စစ်ရဟတ်ယာဉ်တစင်း အဂါင်္နေ့မနက်မှာ မြန်မာပြည်ထဲ ပျက်ကျတယ်လို့ ထိုင်းရုပ်သံ သတင်းဌာန တခုဖြစ်တဲ့ ထိုင်းပီဘီအက်စ်က ကြေညာသွားပါတယ်။


လွန်ခဲ့တဲ့ စနေနေ့ က ထိုင်း ရဟတ်ယာဉ်တစင်း မြိတ်ခရိုင်နဲ့ နယ်နိမိတ်ခြင်း ကပ်နေတဲ့ ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း ပက်ခ်ျဘူရီခရိုင်က ကဲန်ကကျန် သစ်တောထဲမှာ ပျက်ကျ ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

အဲဒီရဟတ်ယာဉ်က သေဆုံးသူ ထိုင်းတပ်ဖွဲ့၅ ဦးရဲ့ ရုပ်လောင်းတွေကို ၁၉ ရက် အဂါင်္နေ့​မနက်ပိုင်းမှာ သယ် ဆောင်ဖို့ သွားတဲ့ ထိုင်းစစ်တပ်ပိုင် Black Hawk ရဟတ် ယာဉ် တစင်းဟာလည်း နောက်ထပ် ပျက်ကျခဲ့တယ်လို့ ဆိုပါ တယ်။

အဲဒီတကြိမ် ပျက်ကျတာဟာ ထိုင်းနိုင်ငံရတ်ခ်ျဘူရီနဲ့ နယ်နိမိတ် ဆက်စပ်နေတဲ့ ထားဝယ်ခရိုင်ထဲကို ပျက်ကျသွားတာလို့ ထိုင်း ရုပ်သံဌာန ထိုင်းပီဘီအက်စ်က ဆိုပါတယ်။

“စနေနေ့က ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်က ရုပ်အလောင်းတွေကိုသယ်ဖို့ သွားတဲ့ ဘလက်ဟော့ ရဟပ်ယာဉ် တစင်း မြန်မာ တပ်စခန်း တခုနဲ့ တကီလိုမီတာ အကွာ ခေါင်မိုင်းဒဲန်းခေါ် သစ်နီတောင်မှာ ပျက်ကျတာ ဖြစ်တယ်။ ပျက်ကျတဲ့ ရဟတ်ယာဉ်ထဲမှာ ကန်ချနဘူရီခရိုင်အခြေစိုက် ခြေလျင်တပ်မဟာ ၉ က ထိုင်း တပ်မဟာမှူး ဒုဗိုလ်ချုပ် တ၀မ် ရေန်းစီနဲ့ လက်အောက်ခံတပ်မှူး ၅ ဦး အပြင် ထိုင်း chanel 5 တီဗွီသတင်းထောက်တဦး စုစုပေါင်း ၉ ဦး ပါသွားတယ်။”

ပစ်ခတ်ခံရလို့ ပျက်ကျတာဆိုပြီး ကောလာဟလတွေ ဖြစ်နေတာ မမှန်ကြောင်းနဲ့ ရာသီဥတု အခြေအနေကြောင့် ပျက်ကျတာလို့ အနောက်တိုင်း တပ်မ ၁ စစ်တိုင်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းတပ်မ (၁) စစ်တိုင်းမှူးက ရာသီဥတု ဆိုးဝါးနေတဲ့အတွက် နောက်ထပ် ပျက်ကျတဲ့ ရဟတ်ယာဉ်ကို လေကြောင်းကနေ သွားပြီးရှာဖွေတာကို မလုပ်ဘဲ ကုန်းကြောင်းကနေ သွားနိုင်ဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် စကားပြောနေတယ်လို့လည်း ထိုင်းပီဘီအက်စ် သတင်းအရ သိရပါတယ်။

ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်နဲ့ တခြားမီဒီယာတွေမှာတော့ ရဟတ်ယာဉ်နဲ့ ပါသွားသူ ၁၄ ဦး ရှိတယ်လို့​​ ဖော်ပြထားပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့