Thursday, July 21, 2011

မြန်မာနိုင်ငံအပေါ် စီးပွါးရေး ပိတ်ဆို့မှု အမေရိကန်အောက်လွှတ်တော် သက်တမ်းတိုး

2011-07-20

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ မဖေါ်ထုတ်တဲ့အတွက် အမေရိကန် အစိုးရက လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က စတင်ပြီး ချမှတ်ထားတဲ့ စီးပွါးရေး ပိတ်ဆို့မှုတွေကို ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းက အမေရိကန် အောက်လွှတ်တော်က ထပ်မံ သက်တမ်း တိုးမြှင့်လိုက်ပါတယ်။


ဒီမိုကရေစီရေး အပြောင်းအလဲတွေ မပေါ်ပေါက်လာသေးတဲ့ အတွက် ဒီ စီးပွါးရေး ပိတ်ဆို့မှုတွေကို အမေရိကန် ကွန်ဂရက်စ် လွှတ်တော်မှာ တနှစ်တခါ ထပ်ထပ်ပြီး သက်တမ်းတိုးမြှင့်နေတာ ဖြစ်ပါတယ်။

မနေ့က အောက်လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မူဝါဒ ညွှန်ကြားရေးမှူး ဦင်္းအောင်ဒင် က အောက်လွှတ်တော်အမတ်တွေ အကြား ဆန့်ကျင်ကန့်ကွက်မှုတွေ မရှိဘဲ အလွယ်တကူ ဆုံးဖြတ်ထောက်ခံခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီဥပဒေဟာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန် ပြည်ထောင်စုကို တင်သွင်းခွင့် ပိတ်ပင်ပြီး မြန်မာ အစိုးရ အရာရှိကြီး တွေကို ဗီဇာ ပြည်ဝင်ခွင့် ကန့်သတ် ဟန့်တားထားတဲ့ ဥပဒေ ဖြစ်ပါတယ်။

နောက်တဆင့်အနေနဲ့ ဆီးနိတ်အထက်လွှတ်တော်မှာ ဒီနေ့ဆက်လက် ဆွေးနွေးမယ်လို့လည်း သိရပါတယ်။ ဘယ်လို အဖြေ ထွက်လာနိုင်တယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါမှာ - ဦင်္းအောင်ဒင်က အခုလို ပြောပြပါတယ်။

"နက်ဖြန် ဆီးနိတ်အထက်လွှတ်တော်က အချိန်ရှိရင် မဲခွဲမယ်။ အချိန်မရှိရင်တော့ နောက်တရက်ပေါ့။ မဲခွဲ ဆုံးဖြတ်ပြီးလို့ အထက် အောက်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုပြီးရင်တာ့ သမ္မတ လက်မှတ်ထိုးပြီးရင်တော့ အတည် ဖြစ်သွားပါပြီ။ ဆီးနိတ် ကလည်း အတည်မပြုနိုင် စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဥပဒေ မူကြမ်းကို အဆိုတင်သွင်း ကတည်းက လွှတ်တော် အမတ်တရာထဲမှာ ၅၆ ယောက်က စုပေါင်း တင်သွင်းထားတာပါ။"

Ref: အာရ်အဖ်

0 comments:

အပေါ်သို့