Wednesday, July 20, 2011

အိန္ဒိယ ပြည်နယ်ဝန်ကြီး ခြစားမှု တိုက်ဖျက်ဖို့ ရုံးမှာ ၀ဘ်ကင်မရာတပ်ဆင်

19 July 2011

အိန္ဒိယ အနောက်တောင်ဘက် ခါရလမ်ပြည်နယ် အုပ်ချုပ်ရေးဝန်ကြီး အူးမန်ချန်ဒီ က သူ့အစိုးရရုံးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ဖို့အတွက် ၀ဘ်ကင်မရာများ

တပ်ဆင်ထားလိုက်သည်။ သူ့ရုံးဌာနကြီးတစ်ခုလုံးနှင့် ၀န်ထမ်းအားလုံး ရုံးချိန်အတွင်း အလုပ်လုပ်နေပုံကို အများပြည်သူ စောင့်ကြည့် နိုင်အောင် တပ်ဆင်ပေးထားခြင်း ဖြစ်သည်။


အိန္ဒိယအစိုးရ ဌာနပေါင်းစုံမှာ အလွန်အမင်း ခြစားမှုများကြောင့် ကမ္ဘာမီဒီယာများရဲ့ ဆော်ပလော်တီးမှုကို မကြာမကြာ အလူး အလိမ့်ခံရသည်။ ရဲဌာနများ၊ အခွန်ရုံး၊ မြူနီစပယ်၊ ကားလိုင်စင်ရုံး၊ ပညာရေးဌာနတို့မှာ နေ့စဉ် လဘ်ပေးလဘ်ယူမှုဖြင့် တင်းကြမ်း ပြည့်နေသည်။ ယခု ပြည်နယ်ဝန်ကြီး ချန်ဒီက သူ့ရုံးကို အွန်လိုင်းကနေ စောင့်ဖမ်းဖို့ လူထုကို ပြန်တာဝန်ပေးလိုက်ပြီး၊ e-government အစစ်ကို ပြသလိုက်သည်။

“အာဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်နေကြတာ အရေးယူလိုက် နောက်ထပ် ဖြစ်လိုက် သံသရာက မဆုံးနိုင်ဘူး။ ကျနော့်အမြင်ကတော့ အရာရာတိုင်းကို ဗြောင်ဖွင့် ပြထားတဲ့ နည်းလမ်း (transparent way) ရှိမယ့် ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီး ထားသင့်တယ်။ လူထုက ဒီရုံး ဘာလုပ်နေတယ်ဆိုတာ အကုန်သိရမယ်။ ဒါမှ ပြည်သူ့ရုံး ဖြစ်တော့မပေါ့” ဟု ပြည်နယ် အုပ်ချုပ်ရေးဝန်ကြီး မစ္စတာ ချန်ဒီက ပြောသည်။

ဇူလိုင် ၁ရက်နေ့ ၀ဘ်ကင်မရာ စနစ်စတင်တဲ့ ဇူလိုင် ၁ ရက်နေ့မှာ ၀င်ကြည့်သူ ၁၀၀,၀၀၀ ရှိသည်။ ပြီးခဲ့တဲ့ အပတ် သောကြာနေ့ နောက်ဆုံးရုံးဆင်းချိန်အထိ ၀င်ရောက် ကြည့်သူပေါင်း ၂၉၃,၅၈၉ ဦး ရှိသည်။ သူ့ရုံး Web site ကနေ သူတို့အမှားကို စောင့်ဖမ်း နိုင်ကြောင်း၊ အသံ အော်ဒီယို ကိုတော့ ဖွင့် မထားကြောင်း အင်တာဗျူးတစ်ခုကိုပြောခဲ့သည်။

သို့သော် လဘ်ပေးလဘ်ယူမှုများမှာ လူမြင်ကွင်းတွင် ကင်းရှင်းသွားသော်လည်း၊ ရုံးအပြင်ဘက် လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင် နှင့် အိမ်နောက်ဖေးပေါက်တွင် ရှိနိုင်သေးကြောင်း သူက သတင်းထောက်များကို ပြောဆိုခဲ့သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့