Wednesday, July 20, 2011

၁၉ ဇူလိုင်အခမ်းအနားသို့ လူထုခေါင်းဆောင် နှစ်ကြိမ်တက်ရောက်

July 19th, 2011

ယနေ့ ကျရောက်သည့် (၆၄) နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားသို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှစ်ကြိမ် တက် ရောက်ဂါရဝပြုခဲ့သည်။


နံနက်ပိုင်းတွင် အစိုးရက ပြုလုပ်ကျင်းပသည့် အခမ်း အနားသို့ တက်ရောက်ပြီးနောက် နေ့လည်ပိုင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များ၊ အဖွဲ့ ဝင်များနှင့်အတူ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

“အာဇာနည်ဗိမာန်ဝန်းထဲကို ကင်မရာ ပေးမယူပါဘူး၊ ကား ၃ စီးဘဲ ပေးဝင်ပါတယ်၊ အားလုံးတော့ အေးအေးဆေး ဆေးပါဘဲ၊ အန်တီက မနက်ပိုင်းက တခေါက်သွားခဲ့ သေးတယ်” ဟု အဖွဲ့ချုပ်ဝင်တဦးက ပြောသည်။

အဆိုပါ အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်လာ သည့် အဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်နော်အုံးလှတို့အား ဗဟန်းမြို့နယ် ထဲတွင် အာဏာပိုင်များ တားမြစ်ခြင်းများ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“ခုနကတော့ နော်အုံးလှတို့ကို ဗဟန်းဘက်မှာ တားထားသေးတယ်၊ ပထမ အာဏာပိုင်တွေက ဘေးနားကနေ လိုက်စောင့် နေတယ်၊ လူတွေက လက်ခုပ်တီးပြီး အားပေးကြတယ်၊ အာဏာပိုင်တွေဘက်က လူထုတွေကို အပေါင်းမခံဘူး” ဟု ဆက် ပြောသည်။

ထို့အပြင် အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သည့် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံခြားသံတမန်များ၊ သံဃာတော်များ၊ ဝါရင့်နိုင်ငံရေးသမားများ ကြွရောက်ခဲ့ကြပြီး ရုံးရှေ့တွင် လူရာချီရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ အလားတူ တိုက်ကြီး မြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် အာဇာနည်နေ့ အထိမ်းအမှတ် အကြိုအခမ်းအနားများပြုလုပ်ကြပြီး တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့တွင်လည်း အာဇာနည်နေ့ပွဲများ ပြုလုပ်ခဲ့သည်။

“ကော့သောင်းမှာ အဖွဲ့ချုပ်ဝင်တွေက လေးယောက်တတွဲ တွဲပြီး ဗိုလ်ချုပ်ကြေးရုပ်မှာ သွားပြီး ပန်းခွေချ အလေးပြုကြတယ်၊ အဲဒါကို အာဏာပိုင်တွေက စောင့်ကြည့်မှုတွေ လုပ်တယ်၊ ပန်းခွေချပြီးပြီးချင်းဘဲ ပန်းခွေကိုယူပြီး အမှိုက်ကားပေါ် ပစ်တင်လိုက် တယ်၊ စည်ပင်ဝန်ထမ်းတွေက၊ အဖမ်းအဆီးတော့ မရှိဘူး” ဟု ကော့သောင်းမြို့ခံက ပြောသည်။

ယနေ့ကျရောက်သည့် (၁၉) ဇူလိုင် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားကို မြန်မာပြည်အနှံ့အပြားတွင် အဖွဲ့ချုပ်ဝင်များက ပြုလုပ်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တွင်လည်း မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများက ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

Ref: ရိုးမ ၃

0 comments:

အပေါ်သို့