Tuesday, July 19, 2011

ဦးဝင်းတင် ဆေးရုံက မဆင်းနိုင်သေး

2011-07-18

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် ကော်မတီ ဦးဝင်းတင်ဟာ ခြေထောက်တွေ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကြောင့် ဆေးရုံတက် ကုသမှု ခံယူနေရာမှာ မနေ့က ဆေးရုံက ဆင်းနိုင် မယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ ဝေဒနာ မသက်သာတဲ့ အတွက် မဆင်းနိုင်သေးကြောင်း သိရပါတယ်။

စနေနဲ့ တနင်္ဂနွေနေ့တွေမှာ သက်သာနေပေမည့် တနင်္ဂနွေညပိုင်းက စလို့ ဝေဒနာ ဆိုးဝါးလာကြောင်း၊ ဦးဝင်းတင်ကို စောင့်ရှောက် ကူညီနေတဲ့ ကိုရာဇာက RFA ကို ပြောပါတယ်။

ဆရာဦးဝင်းတင်ဟာ ရေယုံပေါက်ရာကနေ ခြေထောက်တွေ ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို သီတင်းပတ်ပေါင်း များစွာခံစား နေခဲ့ရပါတယ်။ သူ့ကို ကုသပေးနေတဲ့ ဦးနှောက်နဲ့အာရုံကြော သမားတော်ကြီးက ခါးရိုးထဲ ဆေးထိုး ကုသဖို့ဆေးရုံတက်ခိုင်းတဲ့ အတွက် အာရှတော်ဝင် ဆေးရုံမှာ တက်ရောက် ကုသခံ နေရတာ ဖြစ်ပါတယ်။

အခုလို ရောဂါဝေဒနာ မသက်သာသေးတဲ့ အတွက် မူလက မှန်းထားသလို ဆေးရုံက ဆင်းရဖို့ မသေချာသေးဘူးလို့သိရ ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့