Wednesday, January 25, 2012

ပိုက်လိုင်းတည်ဆောက်နေသော ထိခိုက် ဒဏ်ရာရ အိန္ဒိယ လုပ်သားနှစ်ဦး ဆေးရုံတင်ရ

24/1/2012

ကျောက်ဖြူမြို့နယ်တွင် ဂတ်စ်ပိုက်လိုင်း တည်ဆောက်နေသော အိန္ဒိယ လုပ်သား (၂) ဦးမှာ လုပ်ငန်းခွင်တွင် ထိခိုက် ဒဏ်ရာ ရရှိသွားသဖြင့် ဆေးရုံတင်ထားရကြောင်း သတင်း ရရှိသည်။

" သူတို့နှစ်ဦးကတော့ တစ်ဦးက BrindarThurkar ဖြစ်ပြီး နောက်တစ်ဦးကတော့ Rijkpoor တို့ ဖြစ်ကြပါတယ်။ Brindar လက်နှစ်ဖက်စလုံး ပြတ်သွားတယ်။ Rijkpoor ကတော့ လက်ဖျားတွေ ပိုင်းပြတ်သွားပါတယ်" ဟု သူတို့နှင့် နီးစပ်သူ လုပ်သား တစ်ဦးက ပြောသည်။

အိန္ဒိယမှ အလုပ်သမားများသည် ကျောက်ဖြူမြို့နယ် မင်းတပ်တောင် အနီးတွင် ပိုက်လုံးများကို တစ်လုံးနှင့် တစ်လုံး ဆက်နေစဉ် သီးခြားစီ ဖြစ်ပွားသော မတော်တဆမူ (၂) ခုတွင် ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။


" ဖြစ်တာက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဖြစ်တာပါ။ ညနေ ၄ နာရီ ၁၀ မိနစ်မှာ တစ်ဦး ထိခိုက် ဒဏ်ရာရတယ်။ နောက် တစ်ဦး က ညနေ ၅ နာရီကျော်မှာ ဒဏ်ရာရတယ်။ ပိုက်လုံးညှပ်သွားတယ်လို့ ပြောပါတယ်။ Brindar Thurkar က ဒဏ်ရာ ပြင်း ထန်တဲ့ အတွက် အတွင်းလူနာ အဖြစ် တင်ထားရပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ အိန္ဒိယမှ အလုပ်သမား နှစ်ဦးမှာ ပိုက်လိုင်းတည်ဆောက်ရေး လုပ်နေသော အိန္ဒိယ ကုမ္ပဏီ Punj Lloyd မှ ဖြစ် ကြောင်း သိရသည်။

သူတို့အား ကုမ္ပဏီမှ လုပ်ငန်းခွင်သုံး ပစ္စည်း ကရိယာများ အပြည့်အစုံ မထုတ်ပေးရာမှ ယခုကဲ့သို့ အဖြစ်မျိုးနှင့် ကြုံရခြင်း ဖြစ်ကြောင်း အိန္ဒိယ အလုပ်သမားများကို ကိုးကားပြီး သူတို့နှင့် နီးစပ်သူ မြန်မာ အလုပ်သမားက ပြောသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့