Friday, January 27, 2012

မြန်မာ့​စီး​ပွား​ရေး​အနာဂတ် (ဦး​မော်သန်း​နှင့်​ ​မေး​မြန်း​ချက်)

January 27, 2012
နေသွင်

မ ​နေ့​က ထုတ်ပြန်တဲ့​ နိုင်ငံတကာ ​ငွေ​ကြေး​ရန်ပုံ​ငွေအဖွဲ့​ရဲ့​ မြန်မာပြည် စီး​ပွား​ရေး​စာတမ်း​မှာ မြန်မာပြည်ဟာ အာရှမှာ ဖွံ့​ဖြိုး​တိုး​တက်နိုင်ဖို့​ အလား​အလာ​ကောင်း​တွေ ရှိ​နေတယ်လို့​ ​ဖော်ပြထား​ပါတယ်။

ဒါ​ပေမယ့်​ ​ငွေလဲနှုန်း​က​နေစလို့​ ဘဏ္ဍာ​ရေး​စနစ်တခုလုံး​ ​ခေတ်မီဖို့​ လိုအပ်​နေတဲ့​အတွက် စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေ ဆက်လုပ်ဖို့​ အစိုး​ရကို တိုက်တွန်း​ထား​ပါတယ်။

အိုင်အက်အက်ဖ်ရဲ့ ​ အဲဒီအစီရင်ခံစာအ​ပေါ် အ​ခြေခံပြီး​ ရန်ကုန်စီး​ပွား​ရေး​တက္ကသိုလ်က အငြိမ်း​စား​ပါ​မောက္ခ ဦး​မော်သန်း​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။


“အား​ချင်း​ လုပ်ရမယ့်​ ဥစ္စာက ပုဂ္ဂလိက ကဏ္ဍမှာ​တော့​ ​ငွေလဲနှုန်း​က အစိုး​ရသတ်မှတ်ချက် မ​ပြောင်း​လဲလည်း​ ပုဂ္ဂလိက ကဏ္ဍမှာ​တော့​ တကယ် ​ဈေး​ကွက် ​ပေါက်နှုန်း​နဲ့​ပဲ အ​ရောင်း​အဝယ်လုပ်တာ ဖြစ်​နေပါတယ်။ ​နောက်ပြီး​တော့​ သိမ်ဖြူမှာရှိတဲ့​ ​ငွေလွှဲ​ကောင် တာ​တွေကလည်း​ပဲ အပြင်မှာ ရှိတဲ့​ဈေး​နဲ့​ သိပ်မကွာပါဘူး​။ တကယ့်​ Market သ​ဘောမျိုး​တွေပါပဲ။ အစိုး​ရသတ်မှတ်တဲ့​နှုန်း​ ၆ ကျပ် ပတ်ဝန်း​ကျင် မဟုတ်ပါဘူး​။ အစိုး​ရဌာနနဲ့​ ပတ်သက်တာမှာ​တော့​ ​ငွေလဲနှုန်း​ ​ပြောင်း​လိုက်လို့​ ရှိရင် ဌာ​တွေရဲ့​ တင်ပြထား​တဲ့​ စာရင်း​တွေ ​ပြောင်း​သွား​မှာ​ပေါ့​လေ။ ​ပြောင်း​သွား​တယ်ဆိုတာကလည်း​ပဲ လွှဲမှား​နေရာက​နေပြီး​တော့​ အမှန်အတွက် ​ပြောင်း​တာမျိုး​ ဖြစ်မှာပါ။ သို့​သော်လည်း​ပဲ ​ငွေလဲနှုန်း​ ​ပြောင်း​လဲဖို့​ဆိုတာက အစိုး​ရကဏ္ဍကျ​တော့​ သူက ဘဏ္ဍာနှစ်အလိုက် သွား​တာကိုး​။ သဏ္ဍာနှစ်အလိုက် သွား​တယ်ဆို​တော့​ ​ငွေလဲနှုန်း​ ​ပြောင်း​တဲ့​ဥစ္စာကို အစိုး​ရ စာရင်း​ကိစ္စရပ် အတွက်က​တော့​ ကျ​နော်ထင်တယ် ဘဏ္ဍာနှစ်ကို ပိုင်း​ခြား​ပြီး​တော့​မှ အဲဒီလို ​ပြောင်း​လိမ့်​မယ်။”

ဗမာပြည်ဘဏ္ဍာနှစ်က​တော့​ ဧပြီ ၁ ရက်က​နေ စတယ်ထင်ပါတယ်။

“ဧပြီလ ၁ ရက်​နေပြီး​တော့​ မတ်လ ၃၁ ရက်ပါ။”

လာမယ့်​နှစ်ထဲမှာ ​ငွေလဲနှုန်း​တွေ စ​ပြောင်း​မယ်ဆိုတာမျိုး​ ပြည်တွင်း​သတင်း​တွေမှာ ​ရေး​တာ ကျ​နော်တို့​ ​တွေ့​ပါတယ်။

“အဲဒါဆို ​ကောင်း​တာ​ပေါ့​၊​ ဒါ​ပေမယ့်​ အဲဒီသတင်း​က ဘာမှ အံ့​ဩစရာ​တော့​ မရှိပါဘူး​။ ​ငွေလဲနှုန်း​နဲ့​ ပတ်သက်လို့​က ၆ ကျပ်ဆို တဲ့​ ​ငွေလဲနှုန်း​က သဘာဝမကျဘူး​။ ​ငွေလဲနှုန်း​ ​ပြောင်း​ရမယ်ဆိုတာ ​တော်​တော်များ​များ​ ​ငွေ​ကြေး​အာဏာပိုင်​တွေ အ​နေနဲ့​လည်း​ အသိအမှတ် ပြုပြီး​သား​ ဖြစ်ပါတယ်။ အသိအမှတ်ပြုပြီး​သား​ ဖြစ်တယ်ဆို​တော့​ အစိုး​ရ ကဏ္ဍဘက်မှာက​တော့​ ဘဏ္ဍာနှစ်အလိုက် ​ပြောင်း​မှာ​ပေါ့​လေ။”

ဒီလိုမျိုး ​ ​ငွေလဲနှုန်း​တွေကို ဘဏ္ဍာနှစ်တခုမှာ စ​ပြောင်း​ပြီဆိုရင် အပြင်မှာ သာမန်ဘဝ​တွေ၊​ စီး​ပွား​ရေး​လုပ်ငန်း​တွေမှာ ဘယ်လိုမျိုး​များ​ သက်​ရောက်မှု​တွေ ရှိလာနိုင်လဲ။ အဆိုး​နဲ့​ အ​ကောင်း​ပေါ့​။

“စီး​ပွား​ရေး ​လုပ်ငန်း​တွေအ​နေနဲ့​ သက်​ရောက်မှု ဆိုတာက​တော့​ ပြည်ပနဲ့​ အဆက်အသွယ် ဆိုင်ရာစီး​ပွား​ရေး​ လုပ်ငန်း​အ​ပေါ်ပဲ သက်​ရောက်မှု ရှိမယ်။ ဥပမာ နိုင်ငံခြား​က​နေပြီး​တော့​ ဗမာပြည်မှာလာပြီး​တော့​ မြှုပ်နှံမယ်၊​ အဲဒီလို ကိစ္စရပ်မျိုး​တွေ အတွက်က​တော့​ ​တော်​တော်ကို ထူး​ခြား​သွား​မယ်။”

အိုင်အမ်အက်ဖ်က ​ပြောတဲ့​ထဲမှာ မြန်မာပြည်နဲ့​ပတ်သက်လို့​ စီး​ပွား​ရေး​ သူတို့​ ​တော်​တော် အ​ကောင်း​မြင်ထား​တာ ​တွေ့​ရပါတယ်။ မတ်လအကုန် ဘဏ္ဍာ​ရေး​နှစ်မှာတင် ဗမာပြည်ဟာ ၅.၅ ​လောက် တက်လာနိုင်ပြီး​တော့​ ​ရှေ့​နှစ် ဘဏ္ဍာ​ရေး​နှစ်ကျရင် ၆ ရာခိုင်နှုန်း​လောက်အထိ တက်လာနိုင်တယ် ဆိုတာမျိုး​ သူတို့​ သုံး​သပ်ထား​တာ ရှိပါတယ်။

“၅.၅ က​နေတဆင့်​ ၆ ရာခိုင်နှုန်း​လောက်ဆိုတာ အများ​ကြီး​ ဒါဖြစ်နိုင်ပါတယ်။ တခုပဲ စိုး​ရိမ်မှုရှိတာ ကမ္ဘာ့​စီး​ပွား​ရေး​ပဲ​လေ။ အဲဒါကိုက အကြီး​အကျယ် မထိခိုက်ဘူး​ ဆိုရင် ၆ ရာခိုင်နှုန်း​ဆိုတာ အများ​ကြီး​ ဖြစ်နိုင်ပါတယ်။”

ဗမာပြည်အ​နေနဲ့​ စီး​ပွား​ရေး​ အလား​အလာ ရှိတယ်ဆိုတာမျိုး​ သူတို့​ သုံး​သပ်ပါတယ်။

“အလား​အလာ ရှိတယ် ဆိုတာက အခုဆိုရင် အတိုး​နှုန်း​တွေကလည်း​ပဲ ​လျှော့​ထား​တယ်၊​ ​နောက်ပြီး​တော့​ ပို သိသာမြင်သာ​အောင် လုပ်လာတယ် ဆိုရင် မြန်မာပြည်အ​နေနဲ့​ကလည်း​ပဲ အလား​အလာ အများ​ကြီး​ ရှိပါတယ်။ မူဝါဒပိုင်း​ဆိုင်ရာအရ မဟာ ဗျူဟာအရ ​ပြောင်း​လဲတာ​တွေ ရှိတယ်။ သို့​သော် ဒါဟာ ​အောင်မြင်ဖို့​ရာအတွက် လက်​တွေ့​ အ​ကောင်အထည် ​ဖော်မှု​ပေါ့​လေ။ ရုံး​တွေမှာ လုပ်ကိုင်​ဆောင်ရွက်ရတာ​တွေ၊​ ပြဋ္ဌာန်း​ထား​တဲ့​ ​ပြောင်း​လဲချက်​တွေအတွက် တကယ့်​ကို သွက်သွက်လက်လက် ထိထိ​ရောက်​ရောက်​ပေါ့​လေ။ အဲဒီအပိုင်း​က​နေပြီး​တော့​ လိုက်အ​ကောင်အထည် ​ဖော်နိုင်ဖို့​ လိုပါတယ်လို့​ ​ပြောချင်ပါတယ်။”

ဗဟိုဘဏ်ကိုလည်း ​ သီး​ခြား​ လွတ်လပ်​အောင်လုပ်မယ် ဆိုတာမျိုး​ ပြီး​ခဲ့​တဲ့​ တပတ် နှစ်ပတ်​လောက်က ​ပြောလာပါတယ်။ အဲဒီအ​ပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ။

“ဗဟိုဘဏ်လွတ်လပ် ​အောင် လုပ်မယ်ဆိုတာလည်း​ပဲ ဘယ်နိုင်ငံဖြစ်ဖြစ် ဗဟိုဘဏ်က သူ့​ဟာသူ လွတ်လွတ်လပ်လပ် ရပ်တည် တာ ပါပဲ။ ဗဟိုဘဏ်ဆိုသည်မှာ အမှန်က​တော့​ တိုင်း​ပြည်တပြည်ရဲ့​ စီး​ပွား​ရေး​ရဲ့​ ​စောင့်​ရှောက်ကာကွယ်​ပေး​မယ့်​ အဖွဲ့​လို ဖြစ်တယ်​ပေါ့​လေ။ ဗဟိုဘဏ်သည် တိုင်း​ပြည်စီး​ပွား​ရေး​ရဲ့​ ​စောင့်​ကြပ်တဲ့​ အဖွဲ့​အစည်း​လို ဖြစ်တယ်။ ​စောင့်​ကြပ်တဲ့​ အဖွဲ့​အစည်း​လို ဖြစ်​တော့​ သူသည် လွတ်လွတ်လပ်လပ် နိုင်ငံတကာမှာ ဘယ်မှာပဲ ဖြစ်ဖြစ် ဗဟိုဘဏ်က လွတ်လွတ်လပ်လပ်ပဲ ရှိပါတယ်။ အဲဒီ​တော့​ ဗမာ ပြည်အ​နေနဲ့​ ဗဟိုဘဏ်ကိုလည်း​ပဲ လွတ်လွတ်လပ်လပ် ထား​မယ်ဆိုတာ ဒါ အင်မတန်​ကောင်း​တဲ့​ ​ခြေလှမ်း​ပါ။ ​ကောင်း​တယ်လို့​ မြင်ပါတယ်။”


Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့