Wednesday, January 25, 2012

ဥရောပသမဂ္ဂက မြန်မာကို ပိတ်ဆို့မှုလျော့

24 January 2012

မြန်မာနိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဥရောပ သမဂ္ဂသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းကို ရုပ် သိမ်းရန် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူလိုက်ပြီဖြစ်ကြောင်း ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော ဥရောပ နိုင်ငံခြားရေး ၀န်ကြီး များ အစည်းအဝေး ကြေညာချက်အရ သိရပါသည်။

ထိုကြေညာချက်တွင် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှု အချို့ကို စတင်ဖြေလျှော့ပေးတော့မည်ဟု ယမာန်နေ့က ကြေညာ လိုက်ခြင်းဖြစ်ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကောင်းများ ပိုမို အားကောင်းလာရေးကို အားပေးသည့် အနေဖြင့် ဖြစ်ပါသည်။


ထို့ကြောင့် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ပိတ်ဆို့အရေးယူထားမှု အချို့ကို ဖြေလျှော့ပေးသွား မည်ဖြစ်ကြောင်း ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများက ယမာန်နေ့က သဘောတူဆုံးဖြတ်လိုက်ပါသည်။ သို့သော် လည်း ပြုပြင် ပြောင်းလဲရေး ရလာဒ်ကောင်းများ ဖော်ဆောင်သွားမှု အတိုင်းအတာ အပေါ် မူတည်၍ ပိတ်ဆို့အရေးယူထားမှု အလုံးစုံကို ရုပ်သိမ်းပေးသင့် မပေးသင့် ဆက်လက် စဉ်းစားသွားမည်ဖြစ်ကြောင်းလည်း ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော အစည်းအဝေး ကြေညာချက်အရ သိရသည်။

ဥရောပ သမဂ္ဂနိုင်ငံများသည် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖါက်မှုနှင့် ဒီမိုကရေစီပြောင်းလဲမှုကို အခြေခံပြီး မြန်မာနိုင်ငံ ကို ပိတ်ဆို့အရေးယူထားခြင်းဖြစ်ပါသည်။ ဤအထဲတွင် မြန်မာနိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဥရောပ သမဂ္ဂသို့ ခရီးသွားလာခွင့် ပိတ်ပင်ထားခြင်းလည်း ပါဝင်ခဲ့ပေသည်။

Ref: ရွှေဟင်္သာ

0 comments:

အပေါ်သို့