Wednesday, January 25, 2012

မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ ​ကော်မတီက ပန်း​ချီဆရာများ​ကို ဂုဏ်ပြု

January 24, 2012

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် မန္တ​လေး​တိုင်း​ ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ ​ကော်မတီက ပဒုမ္မာခန်း​မမှာ မ​နေ့​ကအထိ သုံး​ရက်ကြာ ကျင်း​ပတဲ့​ ကာတွန်း​ပြပွဲနဲ့​ ​ဈေး​ရောင်း​ပွဲမှာ ကူညီတဲ့​ ပန်း​ချီဆရာ​တွေကို ဒီက​နေ့​ အခမ်း​အနား​နဲ့​ ဂုဏ်ပြုပါတယ်။

အဲဒီအခမ်း​ အနား​မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အတွင်း​ရေး​မှူး​အဖွဲ့​ဝင် ဦး​အုန်း​ကြိုင်က ​ကျေး​ဇူး​တင်စကား​ ​ပြောကြား​ခဲ့​ပြီး​ ကာတွန်း​ဆရာ ၁၁ ဦး​ကို ဂုဏ်ပြုလက်​ဆောင် ပစ္စည်း​တွေ ​ပေး​အပ်ပါတယ်။ ကာတွန်း​ဆရာ​တွေထဲက ဟာကြူလီကလည်း​ ပြန်လည် ​ကျေး​ဇူး​တင်စကား​ ​ပြောကြား​ပါတယ်။

သုံး​ရက်ကြာ ကာတွန်း​ပြပွဲမှာ မန္တ​လေး​တိုင်း​ ​အောင်နိုင်​ရေး​ကော်မတီက ​ဈေး​ရောင်း​ပွဲ​တော်လုပ်ပြီး​ ကာတွန်း​စာအုပ်​တွေ၊​ က​လေး​ဖတ်စရာ၊​ ဗိုလ်ချုပ်​အောင်ဆန်း​ အထ္ထုပ္ပတ္တိစာအုပ်​တွေ၊​ အဖွဲ့​ချုပ်တံဆိပ်၊​ ရင်ထိုး​၊​ အင်္ကျီ​တွေကို တည်ခင်း​ရောင်း​ချပါတယ်။


အဲဒီကရတဲ့​ ရန်ပုံ​ငွေကို နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို ​ထောက်ပံ့​ရာမှာ အဓိက သုံး​စွဲမယ်လို့​ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

“ပြပွဲရဲ့​ ရည်ရွယ်ချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​အတွက် ပံ့​ပိုး​ကူညီဖို့​ ဖြစ်ပါတယ်။ ရတဲ့​ ရန်ပုံ​ငွေကို။ ပြီး​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​များ​အတွက် အလှူခံပုံး​ တခု အဲ့​ထဲမှာ ဖွက်ထား​ပါတယ်။ အဲ့​မှာလည်း​ အကျဉ်း​သား​တွေ ​ထောက်ပံ့​ဖို့​အတွက် အလှူ​ငွေ​တွေ အ​မြောက်အမြား​လည်း​ လာထည့်​သွား​ကြပါတယ်။ အား​လုံး​ပေါင်း​ ၃ ရက် ကျင်း​ပတာမှာ ပရိသတ်ကလည်း​ ၃ ရက်လုံး​ ကြိတ်ကြိတ်တိုး​ အား​ပေး​ကြပါတယ်။”

ဒီကာတွန်း​ပြပွဲနဲ့​ ​ဈေး​ရောင်း​ပွဲကို မနက် ၇ နာရီက​နေ ည ၁၀ နာရီထိ ကျင်း​ပရာ ကြိတ်ကြိတ်တိုး​ စည်ကား​ခဲ့​ပါတယ်။

သုံး​ ရက်ကြာကျင်း​ပတဲ့​ ဒီပွဲမှာ မန္တ​လေး​ အိုး​ဘို​ထောင်အတွင်း​ရှိ​နေတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၇၆ ဦး​အတွက် အလှု​ငွေ​ကောက်ခံ ရာမှာ လှူဒါန်း​ငွေ ၁၉ သိန်း​ကျော် ရရှိခဲ့​တယ်လို့​ ဆိုပါတယ်။

ဒါ့​အပြင် ကာတွန်း​ပန်း​ချီ​တွေကို စီဒီအဖြစ် ​ရောင်း​ချရာက​နေ ၃ သိန်း​ ၃ ​သောင်း​ကျော်နဲ့​ စာ​ရေး​ဆရာ လူထုစိန်ဝင်း​နဲ့​ စာ​ရေး​ဆရာ ​ဖေမြင့်​တို့​ရဲ့​ ဒီမိုက​ရေစီဆိုင်ရာ စာအုပ်​တွေကို ​ရောင်း​ချရာက ရရှိ​ငွေ ပါဆို ၂၃ သိန်း​ကျော် ရခဲ့​တယ်လို့​ အဖွဲ့​ချုပ်မန္တ​လေး​တိုင်း​ သတင်း​ပြန်ကြား​ရေး​တာဝန်ခံ ဦး​မျိုး​နိုင်က ရှင်း​ပြပါတယ်။

ဒီ​ငွေ​တွေကို မတည်ပြီး​ မကြာခင်မှာ နိုင်ငံ​ရေး​အကျဉ်း​သား​တွေကို စတင်ကူညီသွား​မယ်လို့​ ဦး​မျိုး​နိုင်က ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့