Wednesday, January 25, 2012

ကျောက်မီး​သွေး​သုံး​ လျှပ်စစ်ဓာတ်အား​ပေး​ စက်ရုံနှင့်​ စီမံကိန်း​များ​ ရပ်တန့်​ရန်​တောင်း​ဆို

January 24, 2012
ကို​ထွေး

မြန်မာနိုင်ငံမှာရှိတဲ့ ​ ​ကျောက်မီး​သွေး​သုံး​ လျှပ်စစ်ဓာတ်အား​ပေး​ စက်ရုံနဲ့​ စီမံကိန်း​တွေအား​လုံး​ ရပ်တန့်​ပေး​ဖို့​ ပတ်ဝန်း​ကျင်အ​ရေး​ ​ဆောင်ရွက်​နေတဲ့​သူ​တွေက ဒီက​နေ့​ ​တောင်း​ဆိုလိုက်ပါတယ်။

သဘာဝပတ်ဝန်း​ ကျင်အ​ပေါ် ဆိုး​ကျိုး​သက်​ရောက်တာ​တွေ ရှိလာနိုင်တဲ့​အတွက် မြန်မာနိုင်ငံက ​ကျောက်မီး​သွေး​သုံး​ လျှပ်စစ်ဓာတ် အား​ပေး​ စက်ရုံနဲ့​ လုပ်​ဆောင်​နေတဲ့​ စီမံကိန်း​တွေအား​လုံး​ ရပ်တန့်​ပေး​ဖို့​ ထိုင်း​နိုင်ငံ အ​ခြေစိုက် ပအိုဝ့်​လူငယ် အစည်း​အရုံး​နဲ့​ ရှမ်း​သဘာဝ ပတ်ဝန်း​ကျင်အဖွဲ့​က ဒီက​နေ့​ ​ကြေညာချက်ထုတ်ပြန် တောင်း​ဆိုလိုက်တာပါ။

ဇန်နဝါရီလ ၉ ရက်​နေ့​က လျှပ်စစ်စွမ်း​အင် ဝန်ကြီး​ ဦး​ခင်​မောင်စိုး​က သဘာဝပတ်ဝန်း​ကျင်ဆိုင်ရာ ဆိုး​ကျိုး​တွေ ဖြစ်လာနိုင်တဲ့​အတွက် ထား​ဝယ် စီး​ပွား​ရေး​ဇုန်က မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမယ့်​ ​ကျောက်မီး​သွေး​သုံး​ လျှပ်စစ်ဓာတ်အား​ပေး​စက်ရုံ စီမံကိန်း​ကို ရပ်တန့်​လိုက်ပြီး​တဲ့​နောက် အခုလို ​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။ ပအိုဝ့်​လူငယ်အစည်း​အရုံး​ ​ပြောခွင့်​ရသူ ခွန်မျိုး​ထိုက ​တောင်း​ဆိုရတဲ့​ ရည်ရွယ်ချက်ကို ခုလို ​ပြောပြပါတယ်။

“ကျ​နော်တို့​ ပအိုဝ့်​လူငယ် အစည်း​အရုံး​က​တော့​ ဒီကိစ္စကို ရပ်တန့်​ပေး​ပါ။ မရပ်တန့်​ပေး​ရင်​တောင် စက်ရုံရဲ့​ ဆိုး​ကျိုး​ ဘယ်​လောက်ရှိတယ်ဆိုတာကို ပြန်လည် ဆန်း​စစ်ပြီး​တော့​မှ ဒီ​ဒေသခံ​တွေရဲ့​ လုံခြုံမှုရှိတဲ့​ ​နေရာတို့​၊​ ​နောက်ပြီး​ သူတို့​ရဲ့​ ကျန်း​မာ​ရေး​အတွက်လည်း​ အား​လုံး​ပြန်လည် ပြုလုပ်​ပေး​ပေါ့​။”

မြန်မာနိုင်ငံမှာ ​ကျောက်မီး​သွေး​သုံး​ လျှပ်စစ်ဓာတ်အား​ပေး​ စက်ရုံ​ပေါင်း​ ၇ ခု တည်​ဆောက်ဖို့​ရှိတဲ့​အနက် ၂ ခုက လည်ပတ်​နေပြီ ဖြစ်ပါတယ်။ လက်ရှိ အကြီး​ဆုံး​ ​ကျောက်မီး​သွေး​ ဓာတ်အား​ပေး​စက်ရုံက​တော့​ ရှမ်း​ပြည်​တောင်ပိုင်း​က တီကျစ် ​ကျောက်မီး​သွေး​ စက်ရုံဖြစ်ပြီး​တော့​ မဂ္ဂါဝပ် ၁၂၀ ထုတ်​ပေး​နေပါတယ်။

အဲဒီ့​ ​ကျောက်မီး​သွေး​စက်ရုံ​ကြောင့်​ ပတ်ဝန်း​ကျင်က လူဦး​ရေ ၁၂,၀၀၀ ​ကျော်ရဲ့​ ကျန်း​မာ​ရေး​နဲ့​ စိုက်ပျိုး​ရေး​လုပ်ငန်း​တွေကို ခြိမ်း​ခြောက်​နေတယ်လို့​ သူတို့​နှစ်ဖွဲ့​ရဲ့​ ထုတ်ပြန်ချက်မှာ ​ရေး​ပါတယ်။

ရှမ်း​ပြည်အ​ ရှေ့​ပိုင်း​ မိုင်း​ကုတ်မှာလည်း​ အီတာလျံထိုင်း​ ကုမ္ပဏီက​နေပြီး​တော့​ ၃၆၉ မဂ္ဂါဝပ် ထုတ်လုပ်​ပေး​နိုင်မယ့်​ လျှပ်စစ် ဓာတ် အား​ စီမံကိန်း​ကို အ​ကောင်ထည်​ဖော် ​ဆောင်ရွက်​နေပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့