Wednesday, January 25, 2012

လယ်ယာ​မြေ ပိုင်ဆိုင်ခွင့်​ရ​ရေး​ နှီး​နှောဖလှယ်ပွဲ ကျင်း​ပ

January 24, 2012
မင်းလွင်

မ​ကွေး​တိုင်း ​ဒေသကြီး​ ကံမမြို့​နယ် စစ္စရံ ​ကျေး​ရွာမှာ ​တောင်သူလယ်သမား​ နှီး​နှောဖလှယ်ပွဲကို ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး​အင်အား​စု အဖွဲ့​က​နေ ​ကျေး​ရွာ ရွာလယ်လမ်း​မ​ပေါ်မှာ မ​နေ့​က မဏ္ဍပ်ထိုး​ပြီး​ ကျင်း​ပခဲ့​ပါတယ်။

တောင်သူလယ်သမား ​ဘဝ ဖွံဖြိုး​တိုး​တက်​ရေး​နဲ့​ လယ်ယာစီး​ပွား​ ဖွံဖြိုး​တိုး​တက်​ရေး​ နှီး​နှောဖလှယ်ပွဲကို မ​ကွေး​တိုင်း​နဲ့​ ပဲခူး​တိုင်း​ အ​နောက်ခြမ်း​က ​တောင်သူလယ်သမား​ ၂၀၀ ​ကျော် တက်​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။


ပြည်သူ့​လွှတ်​ တော်မှာ စိုက်ပျိုး​ရေး​နဲ့​ ဆည်​မြောင်း​ဝန်ကြီး​ဌာန ဝန်ကြီး​ဟောင်း​ ဦး​ဌေး​ဦး​ တင်သွင်း​တဲ့​ ၂၀၁၁ လယ်ယာ​မြေဥပ​ဒေ မူကြမ်း​နဲ့​ လက်ရှိဝန်ကြီး​ ဦး​မြင့်​လှိုင် တင်သွင်း​တဲ့​ ​မြေလွတ်​မြေရိုင်း​များ​ စီမန်ခန့်​ခွဲမှု ဥပ​ဒေကို ငြင်း​ဖျက်ဖို့​အတွက် အခုလို ​တောင် သူ လယ်သမား​ နှီး​နှောဖလှယ်ပွဲကို ကျင်း​ပရတာလို့​ ပွဲစီစဉ်သူ တဦး​ဖြစ်တဲ့​ ကိုမျိုး​သန့်​က ​ပြောပါတယ်။

“၂၀၁၁ လယ်ယာ​မြေဥပ​ဒေ မူကြမ်း​မှာ ဥပ​ဒေပုဒ်မ ၂ မှာ ကတည်း​က စပြီး​တော့​ လယ်ယာ​မြေ ဆိုသည်မှာ နိုင်ငံ​တော်မှ အလို ရှိသည့်​အတိုင်း​ စီမံခန့်​ခွဲနိုင်ခွင့်​ရှိသည့်​ ​မြေ​တွေကို​ခေါ်တယ် ဆိုတဲ့​ အချက်​လေး​တချက်နဲ့​တင်ပဲ ​တော်​တော်​လေး​ ပြည့်​စုံလုံ​လောက်​နေပြီ။ ဒီဥပ​ဒေကို ငြင်း​ဖျက်ဖို့​အတွက် လုံ​လောက်​နေပြီလို့​ ယူဆပါတယ်။

“တခြား​အချက်​ တွေလည်း​ အများ​ကြီး​ရှိပါတယ်။ ​နောက်ထပ် လယ်ဆည်ဝန်ကြီး​က တင်တဲ့​ ​မြေလွတ်​မြေရိုင်း​နဲ့​ ​မြေရိုင်း​များ​ စီမံခန့်​ခွဲမှု ဥပ​ဒေမှာလည်း​ အဲလိုပဲ အချက်​တွေ အများ​ကြီး​ရှိတယ်။ အဲဒီမှာဆိုရင် ကုမ္ပဏီကြီး​တွေကို အ​ထောက်အပံ့​ပြုထား​တဲ့​ အချက်​တွေမှာ ထင်ထင်ရှား​ရှား​ ဖြစ်တာဆိုလို့​ ​မြေလွတ်​မြေများ​ကို ​လျှောက်ထား​မယ်ဆိုရင် ကုမ္ပဏီကြီး​များ​အတွက် တရား​ဝင်ဧက ၅၀၀၀ နဲ့​အလီလီ၊​ ဧက ၅၀,၀၀၀ ထိ ချ​ပေး​ခွင့်​ရှိတယ်။ လိုအပ်မယ်ဆိုရင် နိုင်ငံ​တော်သမ္မတရဲ့​ အတည်ပြုချက်နဲ့​ ​နောက်ထပ် ထပ်ပြီး​ ၅၀,၀၀၀ အထက် ထပ်ပြီး​တော့​ ပို​ပေး​လို့​ ရ​သေး​တယ်။ တနိုင်တပိုင် လယ်လုပ်မယ့်​ ​တောင်သူလယ်သမား​တွေ အတွက်ကျ​တော့​ ၁၀ ဧက ကို အဆင့်​ဆင့်​ စိစစ်ပြီး​တော့​ ဖြတ်ပစ်ဆိုတဲ့​ စကား​ရပ်နဲ့​ ထည့်​သုံး​ထား​ပြီး​တော့​ ၁၀ ဧကပဲ ​ပေး​မယ်ဆိုတာမျိုး​ ပါတယ်။ ဒါက​မြေခွဲ​ဝေမှုမှာ လုံး​ဝ သမာသမတ် မကျတဲ့​ ကိစ္စကြီး​တွေ။”

အခုလို ကျင်း​ပခဲ့​တဲ့​ ​တောင်သူလယ်သမား​ နှီး​နှောဖလှယ်ပွဲကို အာဏာပိုင်​တွေ လာ​ရောက် ​နှောင့်​ယှက်တာ မရှိဘူး​လို့​လည်း​ သိရပါတယ်။

တောင်သူလယ်သမား ​များ​ဘဝ တိုး​တက်​ရေး​ အင်အား​စုအဖွဲ့​ကို ၂၀၁၁ ခုနှစ် ​အောက်တိုဘာလမှာ ဖွဲ့​စည်း​ခဲ့​တာ ဖြစ်ပြီး​တော့​ အဲဒီနှစ် ဒီဇင်ဘာလမှာ ပြည်ထဲ​ရေး​ဝန်ကြီး​ဌာနကို အဖွဲ့​အစည်း​ တရား​ဝင်ဖွဲ့​စည်း​ဖို့​ ခွင့်​ပြုချက် ​တောင်း​ခံထား​ပြီး​ ဖြစ်တယ်လို့​လည်း​ သိရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့