Tuesday, January 24, 2012

တနိုင်ငံလုံး​ အပစ်ရပ်စဲရန် မွန်အမျိုး​သား​ညီလာခံက ​တောင်း​ဆို

January 23, 2012
အေး​နိုင်

သမ္မတဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရအ​နေနဲ့​ စစ်မှန်တဲ့​ငြိမ်း​ချမ်း​ရေး​ကို လိုလား​ရင် တနိုင်ငံလုံး​အပစ်ရပ်ပြီး​ နိုင်ငံ​ရေး​ပြဿနာ​တွေကို ​တွေ့​ဆုံ​ဆွေး​နွေး​ အ​ဖြေရှာနည်း​နဲ့​ အလျင်အမြန် ​ဖြေရှင်း​သင့်​တယ်လို့​ မွန်အမျိုး​သား​ရေး​ရာ အဖွဲ့​ချုပ်က ​တောင်း​ဆို​ လိုက်ပါတယ်။

မွန်ပြည်သစ်ပါတီ ထိန်း​ချုပ်နယ်​မြေမှာ ဒီလ ၁၈ ရက်က​နေ သုံး​ရက်ကြာ ကျင်း​ပတဲ့​ ညီလာခံမှာ ကိုယ်စား​လှယ်​တွေ လက်ရှိနိုင်ငံ​ရေး​ အ​ခြေအ​နေ​တွေကို ​ဆွေး​နွေး​ သုံး​သပ်ပြီး​ အစိုး​ရကို ​တောင်း​ဆိုလိုက်တာ ဖြစ်ပါတယ်။

မွန်အမျိုး​ သား​ရေး​ရာအဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ နိုင်လယ်​ရော့​က “အခုက သူတို့​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​တယ်။ ဒါ​ပေမယ့်​ ဟိုမှာက ပစ်​နေတယ်။ ကယား​မှာလည်း​ ပစ်​နေတယ်၊​ ကချင်မှာလည်း​ ပစ်​နေတဲ့​ ပုံစံမျိုး​က ဒါ ငြိမ်း​ချမ်း​ရေး​မဟုတ်ဘူး​။ ငြိမ်း​ချမ်း​ရေး​၊​ အပစ်ရပ်တယ် ဆိုတာ အကုန်လုံး​ ရပ်စဲရမယ်။ ​နောက်​တော့​မှ ​ဆွေး​နွေး​တဲ့​ပုံစံမျိုး​။ အဲဒီလို ပုံစံပဲ လိုချင်တယ်။”


သုံး​ရက်ကြာ ညီလာခံမှာ ပြည်တွင်း​ပြည်ပ၊​ မွန်ပြည်သစ်ပါတီ ထိန်း​ချုပ်နယ်​မြေ နယ်စပ်နဲ့​ ညီလာခံအပြီး​ ထုတ်ပြန်တဲ့​ ​ကြေညာ ချက်မှာ မွန်ပြည်နယ်မှာ ​ဒေသလုံး​ဆိုင်ရာ မွန်ဒီမိုက​ရေစီပါတီနဲ့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ နှစ်ပါတီကို တပါတီတည်း​အဖြစ် ပူး​ပေါင်း​လုပ်ကိုင်ဖို့​ လိုလား​တယ်လို့​ ကိုယ်စား​လှယ်​တွေက ​တောင်း​ဆိုကြတယ်လို့​ ဆိုပါတယ်။

“ဒါ​ပေမယ့်​ အဓိက အချက်က ကျ​နော်တို့​ မြင်တာက ကျ​နော်တို့​ မွန်​ရေး​ရာ အဖွဲ့​ချုပ်ရဲ့​ ကိုယ်စား​လှယ်​တွေ သူတို့​ဆိုရင်​တော့​ တ ကယ်လို့​ ကျ​နော်တို့​ မွန်ပြည်နယ်မှာ၊​ ​နောက် ​ရွေး​ကောက်ပွဲ ​ရောက်တဲ့​နေရာမှာ တပါတီတည်း​ သူတို့​ ဖြစ်​စေချင်တယ်။ တကယ် လို့​ နှစ်ပါတီဆိုရင် ကျ​နော်တို့​ အင်အား​ကျသွား​မယ်။ အဲဒီအတွက်​ကြောင့်​ ကျ​နော်တို့​ မွန်ဒီမိုက​ရေစီပါတီနဲ့​ အခု မွန်​ဒေသလုံး​ဆိုင်ရာ ပါတီ နှစ်ခုကို တခုတည်း​ဖြစ်​အောင် ကျ​နော်တို့​တွေ သူတို့​ကို အကြံဉာဏ်​တွေ​ပေး​ရမယ်၊​ ဖိအား​ပေး​ရမယ် သ​ဘောနဲ့​ ကျ​နော်တို့​ ကိုယ်စား​လှယ်​တွေ သ​ဘောတူထား​တာ​ပေါ့​။”

မွန်၊​ ဗမာ၊​ အင်္ဂလိပ်ဘာသာ​တွေနဲ့​ ​ရေး​သား​ထား​ပြီး​ ရာမည မွန်ပြည်နယ် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ မူကြမ်း​ကို ပြည်သူလူထု အကြား​ ချပြဖို့​နဲ့​ မွန်အမျိုး​သား​ အဖွဲ့​ချုပ်ကိုလည်း​ ပြည်သူ့​လွှတ်​တော် ပါလီမန်ကဲ့​သို့​ မြှင့်​တင်သွား​ဖို့​ ကိုယ်စား​လှယ်​တွေက သ​ဘောတူခဲ့​ပါတယ်။

ဒီညီလာခံမှာ မျက်​မှောက် မွန်အမျိုး​သား​တွေရဲ့​ နိုင်ငံ​ရေး​၊​ စစ်​ရေး​၊​ ပညာ​ရေး​နဲ့​ မွန်အမျိုး​သား​ရေး​ရာအဖွဲ့​ရဲ့​ ဦး​ဆောင်မှုဆိုင်ရာ​တွေကို ​ဆွေး​နွေး​သလို ရာမည မွန်ပြည်နယ် ဖွဲ့​စည်း​ပုံ အ​ခြေခံဥပ​ဒေ မူကြမ်း​ကို ပြန်လည် သုံး​သပ်ခဲ့​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့