Wednesday, January 25, 2012

စီအဲန်အေ တပ်မှူးများ အစည်းအဝေး ကျင်းပပြီးစီး

January 24th, 2012

ချင်းအမျိုးသားတပ်မတော် တပ်မှူးများ အစည်းအဝေးကို ဇန္န၀ါရီလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၄င်း တို့ဌာနချုပ်စခန်း တွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သတင်းရရှိသည်။

အစည်းအဝေးသို့ ချင်းအမျိုးသား တပ်ဦး၏ အဓိပတိကောင်စီဝင်များ၊ စစ်ရေးရာကော်မီတီဝင်များနှင့် အထွေထွေ အတွင်းရေးမှူး ချုပ်၊ လက်ထောက်အထွေထွေအတွင်းရေးမှူးချုပ် များ ပါဝင်တက် ရောက်ကြ သည်။

အစည်းအဝေးက တပ်မတော်ကို တိုင်းဖြင့် ဖွဲ့စည်းထားခြင်းကို ဗျူဟာဖြင့် ပြန်လည်ဖွဲ့စည်းကြပြီး တပ် စည်းကမ်း ပိုမို ကြပ် မတ်ရေး၊ ပြည်သူနှင့် ချစ်ကြည်ရင်းနှီးမှုပိုမို ရယူရေး၊ ဒေသအတွင်း အစိုးရ တပ်မတော် သားများနှင့် တိုက်ခိုက်မှု မပြု ရေးတို့ ဆွေးနွေးကြ ကြောင်း သိရသည်။


“ တပ်တွင်း မွမ်းမံသင်တန်းတွေကို မကြာခင် ပြုလုပ်ဖို့ ဆွေးနွေးတယ်၊ အဓိက က တပ်တွင်း စည်းကမ်းပိုမို ရှိရေးပေါ့ နော် ” ဟု တပ်မတော် အရာရှိတဦးက ပြောသည်။

ထို့အပြင် ဇန္န၀ါရီလ ၅ ရက်နေ့မှ ၆ ရက်နေ့အထိ ချင်းပြည်နယ်အစိုးရနှင့် ပဏာမ ငြိမ်းချမ်းရေး သဘော တူညီချက်နှင့် ပါတ် သက်ပြီး ပြန်လည် ရှင်းလင်းမှုပြုလုပ်ကြကြောင်း သိရသည်။

ပဏာမ သဘောတူညီချက်တွင် ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားတပ်မတော်ကို တီးတိန်မြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက် ၀မြို့နယ်အတွင်း ကျေးရွာအုပ်စု နှစ် ခု၊ သုံးခု စီတွင် နေထိုင်ခွင့်ပြုထား သည်။

Ref: ခိုနှုမ်းထုန်

0 comments:

အပေါ်သို့