Friday, January 27, 2012

ရွေးကောက်ပွဲ တရားမျှတရင် ပိတ်ဆို့မှုတွေ ရုပ်သိမ်းနိုင်ကြောင်း နော်ဝေး ၀န်ကြီးပြော

2012-01-26

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ သန့်ရှင်းပြီး တရားမျှတဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ နော်ဝေနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ယိုးနတ်စ် ဂါး စတိုရား (Jonas Gahr Støre) က အစိုးရကို ဒီကနေ့ တိုက်တွန်း လိုက်ပါတယ်။

နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးဟာ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိမ်း နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အခုလို ပြောဆိုသွားတာပါ။ ၀န်ကြီးက မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာက စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။


အစိုးရ အနေနဲ့ တရား မျှတတဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပေးပါက အပြန်အလှန် အနေနဲ့ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့ အရေးယူမှု တွေ ရုပ်သိမ်းပေးနိုင်ပြီး မြန်မာ နိုင်ငံဟာ ကမ္ဘာ့အလယ် ကိုယ့်လမ်းကိုယ် လွတ်လွတ်လပ်လပ် သွားနိုင်မှာ ဖြစ်တယ်လို့ ပြောဆို သွား ပါတယ်။

နော်ဝေ နိုင်ငံခြားရေး ၀န်ကြီးနဲ့ ဦးစိုးသိမ်းနဲ့ တွေ့ဆုံရာမှာ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးမြင့် အပါအဝင် ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့