Tuesday, January 24, 2012

ခင်ညွန့် ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ရသလဲ

Monday, January 23, 2012

ခင်ညွန့်ကို ဇေကမ္ဘာခင်ရွှေက ဘာကြောင့် လစာ ဒေါ်လာ ၅ထောင်ပေးသလဲ

ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို တလ အမေရိကန်ဒေါ်လာ ငါးထောင် (ကျပ်ငွေ သိန်း ၄၀ကျော်) လစာပေးမယ်လို့ ဆိုတယ်။

ခင်ညွန့်ရမဲ့လစာ တလ ဒေါ်လာ ငါးထောင်ဆိုတာ ဖိလစ်ပိုင်သမ္မတ လစာထက် ၄ ဆ များပါတယ်။ ဗီယက်နမ် သမ္မတ လစာထက် အဆ၂၀ များတယ်။ ထိုင်းဝန်ကြီးချုပ် လစာထက် ၂ ဆနီးပါး များတယ်။ သဘောကတော့ ခင်ညွန့်ကို သိက္ခာ မကျအောင် အာဆီယံ ခေါင်းဆောင်တွေနဲ့ ခင်ရွှေက ကြေးတန်းညှိပေးလိုက်တာ ဖြစ်ပါတယ်။

ခင်ညွန့်ကို ခင်ရွှေပေးမဲ့လစာက သမ္မတသိန်းစိန်ရမဲ့ လစာထက် ဒေါ်လာ တထောင်ဘဲ နည်းပီး ဒုသမ္မတ တင်အောင်မြင်ဦး လစာထက်လဲ များနေပါတယ်။ တနည်းပြောရရင် ဇေကမ္ဘာ ခင်ရွှေဟာ ခင်ညွန့်ကို လစာ ဒေါ်လာ ငါးထောင် ပေးလိုက်တဲ့ အတွက် ခင်ညွန့်ဟာ နေ့ချင်းညချင်း ဒုသမ္မတ တင်အောင်မြင်ဦးထက် သာတဲ့ လစာ ပေးလိုက်တာမို့ နိုင်ငံရေးအရ ပြောရင် တင်အောင်မြင်ဦး ကိုပါ ခင်ရွှေက နားရွက် တံတွေးဆွတ်လိုက်တာ ဖြစ်ပါတယ်။

ဒါဆို ခင်ရွှေအနေနဲ့ ခင်ညွန့်ကို နှစ်ပေါင်း ဘယ်လောက်ကြာကြာ ဒေါ်လာတွေပေးမလဲ တွက်ကြည့် ရအောင်ပါ။

ခင်ညွန့်က ခု ၇၀ ကျော်နေပြီ ဆိုတော့ နောက်ထပ် အများဆုံး အနှစ် ၂၀ အသက် ရှည်မယ်လို့ မှန်းထားရင် ဇေကမ္ဘာက ခင်ညွန့်ကို ပေးရမဲ့ နှစ် ၂၀ အတွက် လစာငွေ စုစုပေါင်းက ဒေါ်လာ ၁၂ သိန်း ရှိပါတယ်။ တကယ်တော့ ခင်ညွန့်ဟာ နှစ် ၂၀ မတိုင်ခင်လဲ သေနိုင်ပါတယ်။

ဇေကမ္ဘာခင်ရွှေက ခင်ညွန့်ကို မြရိပ်ညို ဖောင်ဒေးရှင်း နာယက အဖြစ် ခန့်လိုက်တယ် ဆိုရင် ပြီးရက်သားနဲ့ ဘာလို့ လစာကို တမင် ဖော်ပြရသလဲ ဆိုတာ မေးစရာ ဖြစ်ပါတယ်။ တကယ်တော့ ခင်ညွန့်ကို မြရိပ်ညို ဖောင်ဒေးရှင်း နာယက ခန့်တဲ့ နောက်မှာ ခင်ရွှေရဲ့ နိုင်ငံရေး ကစားကွက်တွေ အများကြီး ပါနေတာ တွေ့ရမှာ ဖြစ်ပါတယ်။


ခင်ညွှန့်ကို ဇေကမ္ဘာခင်ရွှေက လစာ တလ ဒေါ်လာ ၅ ထောင်ပေးတယ်လို့ လူသိရှင်ကြား ပြောလိုက်တဲ့ အတွက်-

-ခင်ရွှေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ အမျိုးမျိုးရအောင် ခင်ညွှန့်က အခွင့်အာဏာ အလွဲသုံးစား လုပ်ပြီး ဘယ်လောက် ကူညီ မစခဲ့သလဲ ဆိုတာ ပေါ်လွင်တယ်။

-ခင်ညွန့်အတွက် အနှစ် ၂၀ စာ ဒေါ်လာ ၁၂ သိန်း ဆိုတဲ့ များပြားတဲ့ ငွေပမာဏကို မုန့်ဖိုး ပေးသလို ရော့အင့် ပေးနိုင်တာ ကြည့်ရင် ခင်ရွှေက သူဘယ်လောက် ချမ်းသာနေလဲ ဆိုတာကို ပြည်သူတွေ လန့်သွားအောင် ခြိမ်းခြောက် ပြလိုက်တာလဲပါ ပါတယ်။

-ခင်ညွှန့်လစာကို ဒုသမ္မတ တင်အောင်မြင်ဦးထက် ပိုပေးလိုက်တဲ့ အတွက် တင်အောင်မြင်ဦး အပေါ် ခင်ရွှေက ထိပ်ကွက်လိုတာ ထင်ရှား နေပါတယ်-ဒါကြောင့် တင်အောင်မြင်ဦးဘက်က ဘယ်လိုတုံ့ပြန်မလဲ ကြည့်ရမှာ ဖြစ်တယ်။

-ခင်ညွှန့်ကို တလ ဒေါ်လာ ၆ ထောင်ပေးရင် သမ္မတ ဦးသိန်းစိန်နဲ့ တန်းတူ ဖြစ်သွားမှာ စိုးတဲ့အတွက် သိန်းစိန် မငြိုငြင်အောင် ဒေါ်လာတထောင် လျှော့ပြီး ခင်ညွန့်ကို ပေးတာ ဖြစ်နိုင်ပါတယ်-

-တချိန်က ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်ကို တလဒေါ်လာ ၅ ထောင် ပေးတဲ့အတွက် လက်ရှိ ဗိုလ်ချုပ်တွေ ခင်ညွန့်ကို မနာလိုဖြစ်အောင် ဇေကမ္ဘာ ခင်ရွှေက ဖန်တီးသလို ဖြစ်သွားတဲ့ အတွက် ဂိုဏ်းဂဏတွေ ပိုများလာနိုင်တယ်။ အာဃာတတွေ ပိုများလာမယ်။

Ref: Swe Swe Kyi

0 comments:

အပေါ်သို့