Friday, January 27, 2012

ရွှေဝါ​ရောင်သံဃာများ​ကို နိုင်ငံ​တော်သံဃမဟာနာယက ဆင့်​ခေါ်

January 26, 2012
အေး​နိုင်

သံဃာတပ်​ ပေါင်း​စု ​ခေါင်း​ဆောင်ဆရာ​တော် အရှင်ဂမ္ဘီရ အပါအဝင် မကြာ​သေး​ခင် ရက်ပိုင်း​က ​ထောင်ကပြန်လွတ်လာတဲ့​ သံဃာ ၅ ပါး​ကို နိုင်ငံ​တော် သံဃမဟာနာယက က ဩဝါဒ​ပေး​ဖို့​ ဆင့်​ခေါ်လိုက်ပါတယ်။

သော့​ ပိတ်ခတ်ထား​တဲ့​ ဘုန်း​တော်ကြီး​ကျောင်း​တွေမှာ ဝင်​ရောက်သီတင်း​သုံး​တဲ့​ ကိစ္စနဲ့​ စပ်လျဉ်း​ပြီး​ သက်ဆိုင်ရာရဲ့​ တိုင်ကြား​ချက်အရ ဇန်နဝါရီ ၂၇ ရက် ​နေ့​စွဲနဲ့ နိုင်ငံ​တော် သံဃမဟာနာယကရုံး​ကို လာ​ရောက်ဩဝါဒခံယူဖို့​ ဆင့်​ခေါ်တာပါ။

ဆင့်​ ခေါ်ခံရတဲ့​ သံဃာ​တွေက​တော့​ မဂ္ဂင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ အရှင်ဂမ္ဘီရနဲ့​ ဦး​ဣဿရိယ၊​ မင်္ဂလာ​တောင်ညွန့်​မြို့​နယ် ​ရွှေတောင်​ကျောင်း​မှာ သီတင်း​သုံး​တဲ့​ ဆရာ​တော် ဦး​ပဏ္ဍဝံသ၊​ ​ခြောက်ထပ်ကြီး​ သာသနာ့​ဂုဏ်ရည်​ကျောင်း​က ဦး​ဝိသုဒ္ဓ၊​ သံလျင်​ဗောဓိ​ကျောင်း​ဆရာ​တော် ဦး​ပညာသီဟတို့​ ငါး​ပါး​ဖြစ်ပါတယ်။

ဒီကိုယ်​တော်​တွေဟာ စစ်အစိုး​ရလက်ထက် ​ရွှေဝါ​ရောင်​တော်လှန်​ရေး​မှာ ​ထောင်ကျခဲ့​ကြသူ​တွေဖြစ်ပြီး​ အစိုး​ရသစ် သမ္မတ ဦး​သိန်း​စိန်ရဲ့​ လွတ်ငြိမ်း​ချမ်း​သာခွင့်​အရ အခုလ ၁၃ ရက်​နေ့​မှာ ပြန်လွတ်လာကြတာပါ။

ဆင့်ခေါ်စာနဲ့ ပတ်သက်ပြီး​ ဆရာ​တော် ဦး​ပဏ္ဍဝံသက “အ​ကြောင်း​အရာ၊​ နိုင်ငံ​တော် သံဃမဟာနာယကရုံး​သို့​ လာ​ရောက်ရန် ကိစ္စ။ နံပါတ် ၁ အပိုဒ် ခွင့်​ပြုချက် မရှိဘဲ ပြစ်မှုကျူး​လွန်​နေ​သော ရဟန်း​များ​ကိစ္စ တင်ပြခြင်း​နှင့်​ စပ်လျဉ်း​၍ ဇန်နဝါရီလ ၂၅ ရက် ၂၀၁၂ ခုနှစ်တွင် ကျင်း​ပ​သော ဆဋ္ဌမအကြိမ် နိုင်ငံ​တော် သံဃမဟာနာယကအဖွဲ့​ တတိယအဖွဲ့​ခွဲ၏ ဆဋ္ဌမအကြိမ် ပထမ အထူး​အစည်း​အ​ဝေး​ အား​ ​ဖော်ပြပါအတိုင်း​ ဆုံး​ဖြတ်ခဲ့​ပါသည်။”

ဆင့်​ ခေါ်ခံရတဲ့​ သံဃာ​တွေအ​နေနဲ့​ ဒီက​နေ့​ မွန်း​လွဲ ၁၂ နာရီ ၃၀ မှာ ကမ္ဘာ​အေး​ကုန်း​မြေ ဥတ္တရဂုရု​ဆောင် အစည်း​အ​ဝေး​ခန်း​မသို့​ ကြွ​ရောက်သတင်း​ပို့​ဖို့​ အ​ကြောင်း​ကြား​တယ်လို့​ နိုင်ငံ​တော်သံဃ မဟာနာယကရဲ့​ အ​ကြောင်း​ကြား​စာမှာ ပါရှိပါတယ်။

အခုလို ကိုင်တွယ်​ဆောင်ရွက်ပုံနဲ့​ ပတ်သက်လို့​ အစိုး​ရဟာ အ​ပေါ်ပိုင်း​က ​ပြောင်း​လဲတယ် ဆို​ပေမယ့်​ ​အောက်​ခြေမှာ မ​ပြောင်း​လဲ​သေး​ဘူး​လို့​ မိန့်​ကြား​ပြီး​ ဆရာ​တော်ကြီး​တွေနဲ့​ ​လျှောက်ကြား​တဲ့​အခါ အ​ခြေ​နေမှန်ကို ရှင်း​ပြမယ်လို့​ ဦး​ပဏ္ဍဝံသက မိန့်​ပါတယ်။

“တာဝန်ရှိတဲ့​ ပုဂ္ဂိုလ်​တွေက ဦး​ဇင်း​တို့​ ​ကျောင်း​ကို တချိန်တုန်း​က ​သော့​တွေ ခတ်သွား​တဲ့​ အခါကြ​တော့​ ​သော့​တွေက ဦး​ဇင်း​တို့​ ပြန်လွတ်လာတဲ့​ အချိန်မှာ တချို့​ကျောင်း​က ပွင့်​နေတယ်။ ဦး​ဇင်း​တို့​ကျောင်း​တော့​ ကိုယ့်​ဘာသာကိုယ်ဖွင့်​ပြီး​ ​နေလိုက်တာ​ပေါ့​။ နိုင်ငံ​တော်သမ္မတကြီး​က လွတ်ငြိမ်း​ချမ်း​သာခွင့်​ ​ပေး​ပြီး​တဲ့​ အခါကျ​တော့​ ဒီမှာ ပြန်လာတဲ့​အခါ ကိုယ့်​ကျောင်း​မှာ မ​နေ​တော့​ ဘယ်မှာ သွား​အိပ်မှာတုန်း​။ သက်ဆိုင်ရာကို အ​ကြောင်း​ကြား​တော့​လဲ ဟိုလိုလို ဒီလိုလိုနဲ့​ သူတို့​မှာ တာဝန်မရှိဘူး​။ သက်ဆိုင်ရာ သံဃမဟာ နာယက အ​ကြောင်း​ကြား​တော့​လည်း​ ဒါဟာ လူ​တွေလုပ်ထား​တဲ့​ ကိစ္စဆိုပြီး​ ​ဝေ့​လည်​ကြောင်ပတ် ဖြစ်​နေတာ။ အဲ့​တော့​ ဦး​ဇင်း​တို့​က ကိုယ့်​ကိစ္စကိုယ် တာဝန်ယူတယ်ဆိုပြီး​ ကိုယ့်​ကျောင်း​ကို တက်​နေလိုက်တာ​ပေါ့​။ အာဏာပိုင်အဖွဲ့​အစည်း​က​တော့​ ဦး​ဇင်း​တို့​ကို ဘာမှလာမ​ပြောဘူး​။ မ​ပြောဘဲနဲ့​ သံဃမဟာနာယကကို ​လျှောက်ထား​တာ​ပေါ့​လေ။”

လတ်တ​လောမှာ အရှင်ဂမ္ဘီရနဲ့​ ဆရာ​တော် ဦး​အိန္ဒိယတို့​ နှစ်ပါး​ဟာ မန္တ​လေး​မြို့​ကို ကြွ​ရောက် ခရီး​လွန်​နေတာ​ကြောင့်​ ပြန်အလာ မမီရင်သုံး​ပါး​ပဲ ကြွ မယ်လို့​ မိန့်​ကြား​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့