Monday, October 10, 2011

သီရိလင်္ကာသမ္မတ အကြံပေးနှင့် ၎င်း၏ကိုယ်ရံတော် အသတ်ခံရ

10 October 2011

သီရိလင်္ကာ သမ္မတအကြံပေးနှင့် ၎င်း၏ကိုယ်ရံတော်သည် မြို့တော်ကိုလံဘိုတွင် အောက်တိုဘာလ ၈ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများအတွင်း သေဆုံးခဲ့ပြီး လူတစ်ဒါဇင်ကျော် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

သမ္မတ မဟိန္ဒြာရာဇာပက်ဆာ အတွက် စမ်းသပ်မှုတစ်ခုဖြစ်သော ဒေသဆိုင်ရာ သက်တမ်းဝက် ရွေးကောက်ပွဲများပြုလုပ်နေစဉ် အာဏာရပါတီမှ ခွဲထွက်သောအမတ်တစ်ဦး ဦးဆောင်သည့်အဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ အပြန်အလှန် ပစ် ခတ်မှု အတွင်း သမ္မတ၏ အကြံပေး Bharatha Lakshman Premachandra နှင့် ၎င်း၏ကိုယ်ရံတော်သည် ဒဏ်ရာရရှိခဲ့ပြီး သေဆုံး ခဲ့သည်။

အာဏာရပါတီမှ ခွဲထွက်သော ဥပဒေပြုအမတ် Duminda Silva ဦးဆောင်သောအဖွဲ့က ပစ်ခတ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှု အတွင်း မောင်းပြန်ရိုင်ဖယ် ၁၀ လက်ခန့်ဖြင့် ပစ်ခတ်ခဲ့ပြီး Silva သည်လည်း ဒဏ်ရာရခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် နိုင်ငံရေး တွင်သာမက စီးပွားရေးတွင်ပါ ခါးသီးသော ပြိုင်ဘက်များဖြစ်ကြောင်း သိရသည်။

Ref: Eleven Weekly

0 comments:

အပေါ်သို့