Monday, October 10, 2011

တရုတ်သမ္မတဟောင်း ကျန်ဇီမင်း လူထုမြင်ကွင်းသို့ ပြန်ထွက်လာ

10 October 2011

တရုတ်သမ္မတဟောင်း ကျန်ဇီမင်းသည် ဘုရင်စနစ်ကို ဖြုတ်ချခဲ့သည့် ၁၉၁၁ တော်လှန်ရေး အထိမ်းအမှတ်အခမ်းအနားများသို့ အောက်တိုဘာလ ၉ ရက်နေ့က တက်ရောက်ခဲ့ရာ ၎င်းသေဆုံးသွားပြီဆိုသည့် ကောလာဟလများ ထွက်ပေါ်ပြီးနောက် ပထမ ဆုံးအကြိမ် လူထုမြင်ကွင်းသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။

လက်ရှိသမ္မတ ဟူကျင်တောင်က လက်ခံကျင်းပပြီး ပေကျင်း၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် အသက် ၈၅ နှစ်ရှိပြီဖြစ် သော ကျန်ဇီမင်းသည် ကွန်မြူနစ်ပါတီမှ ထိပ်တန်းအရာရှိများနှင့်အတူ ထိုင်လျက်ရှိနေပုံကို နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့် ပြသ ခဲ့သည်။


ကွန်မြူနစ်ပါတီ၏ နှစ် ၉၀ ပြည့် အထိမ်းအမှတ် အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့သည့်နောက်ပိုင်း ဇူလိုင်လက ကျန်ဇီမင်း သေဆုံးသွားပြီ ဆိုသည့် ကောလာဟလများ ပျံ့နှံ့ခဲ့သည်။ ဟောင်ကောင်နှင့် ဂျပန်မီဒီယာများတွင် ကျန်ဇီမင်းသေဆုံးကြောင်း အတည်ပြုခဲ့သည်။ နောက်ပိုင်းတွင် သတင်းများမှာ ကောလာဟလသာ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက အာဏာပိုင်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။ ပါတီအတွင်း စည်းတွင် သြဇာကြီးနေဆဲဖြစ်သည်ဟု သတင်းထွက်နေသော ကျန်သည် စိုးရိမ်ရလောက်သည့် နာမကျန်းမှုဖြစ်နိုင်သည်ဟု မှန်းဆချက်များလည်း ပေါ်ထွက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ တည်ငြိမ်မှုအပေါ် သက်ရောက်မှုရှိနိုင်သဖြင့် ခေါင်းဆောင်များ၏ ကျန်းမာရေးအခြေအနေကို နိုင်ငံ တော် လျို့ဝှက်ချက်အဖြစ် ထားရှိသည်။ ချင်မင်းဆက်ကို ဖြုတ်ချခဲ့ပြီး သမ္မတနိုင်ငံ ထူထောင်ခဲ့သော ဆင်ဟိုင်းတော်လှန်ရေး နှစ် ၁၀၀ ပြည့် အခမ်းအနားများကို အောက်တိုဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Ref: Eleven Weekly

0 comments:

အပေါ်သို့