Monday, October 10, 2011

လန်ဒန်မြို့လယ် ရထားပေါင်းကူးတံတားကို ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်စွမ်းအင်ထုတ် တံတားအဖြစ် ဖန်တီးမည်

10 October 2011

လန်ဒန်မြို့လယ်၊ သိမ်းစ်မြစ်ကို ဖြတ်၍တည်ဆောက်ထားသော ဘလက်ဖရေးယားစ် ရထားပေါင်းကူးတံတားကို ကမ္ဘာ့အကြီးဆုံး နေရောင် ခြည်စွမ်းအင်ထုတ်တံတားအဖြစ် စတင်ဖန်တီးနေသည်။

ပြင်ဆင်မှုများပြီးစီးပါက နေရောင်ခြည်စွမ်းအင်ထုတ် ဆိုလာပြားဧရိယာမှာ ၆၀၀၀ စတုရန်းမီတာအထိ ရှိမည်ဖြစ်ပြီး ဆိုလာပြား အရေအတွက် ၄၄၀၀မှ ထုတ်လုပ်မည့် လျှပ်စစ်စွမ်းအင်ပမာဏမှာ တစ်နှစ်လျှင်ကီ လိုဝပ် ကိုးသိန်းအထိ ရှိမည်ဖြစ်ကြောင်း ယင်း ဆိုလာအမိုးပြားများကို တပ်ဆင်ပေးသည့် Solar Century ကုမ္ပဏီက ပြောကြားခဲ့သည်။


ထို့ပြင်နှစ်စဉ် ကာဗွန်ထုတ် လွှတ်မှုတန်၅၀၀ခန့်ကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဒါရီန ယူးမန်း က ပြောကြားခဲ့သည်။ ယင်းဘလက်ဖရေးယားစ် ရထားပေါင်းကူးတံတားကို ၁၈၈၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အင်္ဂလန် တွင် ရထားလမ်းများဖောက်လုပ်သည့် Network Rail ကုမ္ပဏီကလက်ရှိ အခြေအနေသို့ အဆင့်မြှင့်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိ ရသည်။

ယခုတပ်ဆင်သည့် ဆိုလာပြားများကို SANYO ကုမ္ပဏီမှ ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး မိုးရေသိုလှောင်သည့်စနစ်နှင့် သဘာဝအလင်းရ ရန်အတွက် နေရောင်ပိုက်များကိုလည်း တံတားတွင် တပ်ဆင်ထားသည်။ ၂၀၁၂ ခုနှစ် နွေရာသီတွင် ယင်းဆိုလာပြားများမှ လျှပ်စစ်ဓာတ်အား စတင်ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

Ref: Eleven Weekly

0 comments:

အပေါ်သို့