Monday, October 10, 2011

ပင်လယ်ဓားပြရန်ကြောင့် ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှုအတွက် အရပ်ရပ်ကုန်ကျစရိတ် မြင့်တက်

10 October 2011

ပင်လယ်ဓားပြရန်ကြောင့် ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုအတွက် ကုန်ကျစရိတ်မှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ကိုးဘီလျံ ကျော် အထိ ရောက်ရှိခဲ့ကြောင်း အိန္ဒိယသင်္ဘောပိုင်ရှင်များအဖွဲ့က ပြောကြားခဲ့သည်။ ယင်းအတွက် အိန္ဒိယသမုဒ္ဒရာ၊ ဆိုမာ လီယာ ကမ်းရိုး တန်းအလွန်ရှိ ပင်လယ်ဓားပြများကို နှိမ်နင်းရန် ၎င်းတို့က တောင်းဆိုခဲ့သည်။

ပင်လယ်ဓားပြရန်ကြောင့် အာမခံစရိတ်မြင့်တက်လာခြင်း၊ ခရီးလမ်းကြောင်း ပိုမိုရှည်လာခြင်း၊ သင်္ဘောပေါ်တွင် အကာအကွယ် အဖြစ် လက်နက်ကိုင်တပ်သားများကို ခန့်ထားရခြင်း၊ ပြန်ပေးဆွဲခံရသော သင်္ဘောများနှင့် သင်္ဘောသားများအတွက် ပြန်ပေး ငွေများ ပေးအပ်ရခြင်းတို့ကြောင့် ကမ္ဘာ့ရေကြောင်း ကုန်သွယ်မှုအတွက် စရိတ်များ မြင့်တက်လာခြင်းဖြစ်ကြောင်း အိန္ဒိယ သင်္ဘော ပိုင်ရှင်များ အဖွဲ့အစည်းမှ အန်နီလ်ဒက်ဗ်လီက ပြောကြားခဲ့သည်။

အာရပ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာရှိ လမ်းကြောင်းများတွင် သင်္ဘောများ ဘေးကင်းစေရေးအတွက် ကုလငြိမ်းချမ်းမှု ထိန်းသိမ်း ရေး တပ်ဖွဲ့များကဲ့သို့ ရေကြောင်းတပ်ဖွဲ့ဝင်များကို ကုလကွပ်ကဲမှု အောက်တွင်ထားရှိရန် အိန္ဒိယအစိုးရထံ စာပို့ခဲ့သည်။

Ref: Eleven Weekly

0 comments:

အပေါ်သို့