Friday, October 14, 2011

မြန်မာ့ ပြည်တွင်းရေး အပြောင်းအလဲ အိန္ဒိယ သတိနဲ့ ကြိုဆို

2011-10-13

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ကိစ္စ အပါအ၀င် အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး အိန္ဒိယကလည်း သတိနဲ့ ကြိုဆိုကြာင်း ပြောဆိုလိုက်ပါတယ်။

အိန္ဒိယ အနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောထား မှတ်ချက်ပေး ပြောဆိုတာမျိုး မလုပ် ကြောင်း၊ ဒါပေမဲ့ ဒီမိုကရေစီကို ဦးတည်တဲ့ အသွင်ကူးပြောင်းမှု ကိုတော့ အစဉ်အမြဲ အားပေး ထောက်ခံနေပါကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် အိန္ဒိယကို အလည်အပတ် ရောက်ရှိနေစဉ် အတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော် ပြန်လွှတ်ပေးလိုက်ပါတယ်။

အိန္ဒိယဟာ တရုတ်နဲ့ ပိုပြီး နီးစပ်နေတယ်လို့ ပြောဆိုနေကြတဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန်အောင် ကြိုးစားနေပြီး၊ နှစ်နိုင်ငံ ဖက်စပ် စီမံကိန်းကြီးတွေ ဆောင်ရွက်နေပါတယ်။

၂၀၁၃ ခုနှစ်မှာ စစ်တွေ ရေနက် ဆိပ်ကမ်းကို အပြီးသတ်မှာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်း ပြီးစီးရင် အိန္ဒိယရဲ့ အနောက် မြောက် ပိုင်း ကုန်းတွင်းပိတ် ဒေသတွေ အတွက် ပြင်ပနဲ့လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံချင်း ဆက်ဆံရေးမှာ နိုင်သူ အကုန်ယူတာမျိုး တစ်ဘက်စောင်းနင်း မဟုတ်ဘဲ၊ နှစ်ဦင်္းနှစ်ဘက် အကျိုးရရေးက အဓိက ဖြစ်ပါ တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့