Tuesday, October 11, 2011

လယ်သိမ်း​ခံ ရွာသား​များ​ သက်ဆိုင်ရာကို တရား​စွဲမည်

October 10, 2011
အေး​နိုင်

မန္တ​လေး​ တိုင်း​ ပြင်ဦး​လွင်မြို့​နယ် ​ညောင်ကုန်း​ရွာက လယ်သိမ်း​ခံရတဲ့​ ရွာသား​တွေက သူတို့​လယ်​တွေကိုသိမ်း​ပြီး​ ​ကော်ဖီစိုက်ခင်း​ထောင်တဲ့​ အစိုး​ရအာဏာပိုင်​တွေကို တရား​စွဲဆို​တော့​မှာဖြစ်ပါတယ်။

ဒီတရား​စွဲဆိုမှုကို လိုက်ပါကူညီ​ဆောင်ရွက်တဲ့​ ​ရှေ့​နေများ​ကွန်ရက်က တရား​ရုံး​ချုပ်​ရှေ့​နေ ဦး​မြင့်​သွင်က ခုလို ​ပြောပါတယ်။

“ကျ​နော်တို့​ က​တော့​ ဥပ​ဒေအရ ​တောင်သူ​တွေနစ်နာတဲ့​ နစ်နာ​ကြေး​တွေ ​ပေး​ဖို့​ရယ်၊​ ဖွဲ့​စည်း​အုပ်ချုပ်ပုံ အ​ခြေခံဥပ​ဒေအရ ​တောင် ယာ​တွေကို ပြန်ရဖို့​ရယ်ကို ကြိုး​စား​ပြီး​ တရား​စွဲဖို့​ လုပ်​ပေး​နေပါတယ်။ ​လော​လောဆယ် အချက်အလက် စုတဲ့​အခါမှာ ​တောင်သူ ၁၃၇ ​ယောက်မှာ ​တောင်သူက ၃၀ ​ကျော်ပဲရ​သေး​တော့​ အချက်အလက် မပြည့်​စုံ​သေး​တော့​ ​တောင်သူ​တွေကျန်ခဲ့​မှာစိုး​လို့​ ​စောင့်​နေတယ်။ ​နောက်တပတ်​လောက်​တော့​ ရတဲ့​လူ​လောက်နဲ့​ အမြန် တရား​စွဲရမယ်။”

၂၀၀၈ ခုနှစ်ကတည်း​က ပြင်ဦး​လွင်မြို့​နယ် သက္ကံချိုင်း​ကျေး​ရွာအုပ်စု ​ညောင်း​ကုန်း​ကျေး​ရွာစိုက်ခင်း​ကို ​ကော်ဖီစိုက်ခင်း​ တာဝန်ရှိ ပုဂ္ဂိုလ် ဗိုလ်မှူး​ကြီး​လှမြင့်​ဆိုသူက ​ကော်ဖီစီမံကိန်း​အတွက်ဆိုပြီး​ ​တောင်သူ​တွေရဲ့​ ​မြေဧက (၅၀၀) ခန့်​ကို သိမ်း​ခဲ့​ပါတယ်။

နိုင်ငံ​တော်က သိမ်း​တာလို့​ ​ပြော​ပေမယ့်​ တရား​ဝင်စာထုတ်​ပေး​ခြင်း​မရှိတဲ့​အပြင် ​ခေတ်သစ်လယ်ယာ​မြေနဲ့​ အ​ထွေ​ထွေစီး​ပွား​ရေး​လုပ်ငန်း​ သမဝါယမအသင်း​ လီမိတက်ဆိုတဲ့​ ဆိုင်း​ဘုတ်​ထောင်ပြီး​ ​ကော်ဖီစိုက်​နေတာ​ကြောင့်​ မန္တ​လေး​တိုင်း​ဝန်ကြီး​ချုပ်ထံ ရွာသား​တွေက တိုင်ခဲ့​ပါတယ်။

ဒီကြား​ ထဲမှာပဲ အဲဒီကုမ္ပဏီက လယ်ယာ​မြေ​တွေကို ​ရောင်း​ချတာ၊​ ​မြေလိုက်ပြတာ​တွေ လုပ်​နေတာ​ကြောင့်​ အခုလ ၄ ရက်​နေ့​မှာ ရွာသား​တွေက ​ကော်ဖီစိုက်ခင်း​ ဧက တရာ​ကျော်ရဲ့​ အရိပ်အတွက် စိုက်ထား​တဲ့​အပင်​တွေကို ဓား​တွေနဲ့​ ဝင်​ရောက်ခုတ်ထစ် ဖျက် ဆီး​ပစ်လိုက်ပါတယ်။

ဒီ​နောက် သက်ဆိုင်ရာက စက်တင်ဘာ ၆ ရက်​နေ့​မှာ ဦး​တွတ်နီ၊​ ဦး​သန်း​၊​ ဦး​နေလင်း​အောင်၊​ ဦး​ကံညွန့်​အပါအဝင် ​ခြောက်ဦး​ ​နောက်ပိုင်း​ဖမ်း​ဆီး​တာအပါအဝင် စုစု​ပေါင်း​ ကိုး​ဦး​ရှိပြီဖြစ်ပါတယ်။

ရွာသား​ ၉ ဦး​ကို လယ်ယာ​မြေကျူး​ကျော်မှု အကျိုး​စီး​ပွား​ဖျက်ဆီး​မှု၊​ မီး​ရှို့​မှု စတဲ့​ပုဒ်မ​တွေနဲ့​ စွဲဆိုထား​ပြီး​ လာမယ့်​ ၁၄ ရက်​နေ့​မှာ ရုံး​ထုတ်စစ်​ဆေး​ဖို့​ရှိတယ်လို့​ ဦး​မြင့်​သွင်က ​ပြောပါတယ်။

“၂၀၀၈ ကတည်း​က သိမ်း​တော့​ သုံး​နှစ်​ကျော်​တော့​ ​တောင်သူ​တွေကလည်း​ သူတို့​ရဲ့​ ယာ​တွေထဲကို ပြန်ဝင်လုပ်ကြတယ်။ ၁၀ ​ပေ ပတ်လည်​လောက်ရှိတဲ့​ တဲ​လေး​တခုလည်း​ ဖျက်ဆီး​လိုက်တယ်။ အဲဒီမှာ မီး​ပါရှို့​တယ်ဆိုပြီး​ ​တောင်သူ ၉ ​ယောက်ကို ဖမ်း​ထား​တယ်။ အခုလက်ရှိ ပြစ်မှုဆိုင်ရာ နည်း​ဥပ​ဒေ ပုဒ်မ ၄၄၇၊​ ၄၂၇၊​ ၄၃၆နဲ့​ သူတို့​ကို ဖမ်း​ထည့်​ထား​တယ်။ အခုပြင်ဦး​လွင်ခရိုင် တရား​ရုံး​မှာ အမှုတင်ထား​တယ်။ ၁၄ ရက်​နေ့​မှာ စစစ်ဖို့​ ချိန်း​ထား​တယ်။”

ဒီလယ်ယာ​ မြေသိမ်း​ပိုက်တဲ့​အမှုနဲ့​ ပုံစံတူတဲ့​အမှုတခုဟာ လွန်ခဲ့​တဲ့​လပိုင်း​က မ​ကွေး​တိုင်း​ ကံမမြို့နယ် စစ္စရံ​ကျေး​ရွာမှာ ဦး​ပိုင် ကုမ္ပဏီက ​မြေသိမ်း​ရာက အစပြု အမှုဖြစ်ပြီး​ ​နောက်ဆုံး​မြေသိမ်း​ခံရသူ ရွာသား​တွေ ​ထောင်ကျခဲ့​ရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့