Monday, October 10, 2011

ရုရှားဝန်ကြီးချုပ်၏ တရုတ်ခရီးစဉ်မစတင်မီ တရုတ်သူလျိုတစ်ဦးကို ဖမ်းဆီးသည့်သတင်း ထုတ်ပြန်

10 October 2011

ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ သွားရောက်မည့် ခရီးစဉ် မစတင်မီ သီတင်းပတ်တစ်ပတ်အလိုတွင် ပြီးခဲ့သောနှစ်က တရုတ်သူလျိုတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရုရှားနိုင်ငံက အောက်တိုဘာလ ၅ ရက်တွင် ကြေ ညာခဲ့သည်။

ယင်းတရုတ်နိုင်ငံသားသည် အ စိုးရဌာနမှ စကားပြန်တစ်ဦးအသွင် ဖြင့ှ်-၃၀၀ ဒုံးကျည်ဆိုင်ရာ လျို့ဝှက် ဖိုင်များကိုရရှိနိုင်ရန် ကြိုးစားခဲ့သည်ဟု သံသယရှိမှုဖြင့် ပြီးခဲ့သောနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း Federal Security Service (FSB) က ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းအချိန်ကတည်းက မထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍မူ မရှင်းပြခဲ့ပေ။

အဖမ်းခံရသူမှာ Tong Sheng-Yong ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၄ ရက်တွင် မော်စကိုမြို့တရားရုံးသို့ ယင်းအမှုတွဲကို လွှဲပေး ခဲ့ကြောင်း FSB က ထုတ်ပြန်ခဲ့သည်။ ယင်းတရုတ် နိုင်ငံသားသည် ရုရှားတို့ထံမှ သတင်း အချက်အလက်များဝယ်ယူရန် ကြိုး စားခဲ့ကြောင်း FSB ထုတ်ပြန်ခဲ့သည်။

Ref: Eleven Weekly

0 comments:

အပေါ်သို့