Monday, October 10, 2011

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ်မြေး ဘော့စနီးယားတွင် ကျောင်းတက်နေသည်ဟု သတင်းထွက်

10 October 2011

မြောက်ကိုရီးယားနိုင်ငံမှ လျို့ဝှက်စွာ နေထိုင်လေ့ရှိသော ကင်ဂျုံအီလ်မိသားစုနှင့်ပတ်သက်သော အတွင်းရေးများ မကြာခဏ ထွက်ပေါ်လေ့ရှိပြီး အထူးသဖြင့် အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံတွင် အများဆုံး ထွက်ပေါ်လေ့ရှိသည်။

မကြာသေးမီက ကင်ဂျုံအီလ်၏ မြေးဖြစ်သော အသက် ၁၆ နှစ်ရှိ ကင်ဟန်ဆိုလ်သည် ဘော့စနီးယားရှိ အပြည်ပြည်ဆိုင်ရာ ကျောင်းတစ်ခုသို့ တက်ရောက်နေမှုကို သိရှိခဲ့ကြောင်း သတင်းများပျံ့နှံ့ခဲ့သည်။ ယင်းသတင်းထွက်ပြီး သီတင်းတစ်ပတ် မပြည့်မီ တွင် ကင်ဂျုံအီလ်မြေးဟု ထင်ရသူကို့ YouTube screen shot ဖြင့် လုပ်ထားသော ဓာတ်ပုံများစွာ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် ကင်ဟန်ဆိုလ် ဓာတ်ပုံများကို ဘော့စနီးယားကျောင်းရှိ Facebook စာမျက်နှာတွင် တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား ယွန်ဟပ် သတင်းဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းဓာတ်ပုံများကို ဖော်ပြခဲ့သည်။ ဓာတ်ပုံတစ်ပုံတွင် ကင်ဟန်ဆိုလ်သည် ပါတီပွဲဟုထင်ရသောပွဲ၌ အမျိုးသမီးတစ်ဦးနှင့် တွဲရိုက်ထားကြောင်း သိရသည်။ အခြားတစ်ပုံတွင်မူ ယင်းလူငယ်သည် ရွှေရောင်ဖျော့ဆံပင် ပုံစံရှိပြီး အနက် ရောင်တီရှပ် ၀တ်ထားကာ လမ်းပေါ်တွင် သွားနေပုံကို ရိုက် ကူးထားခြင်းဖြစ်သည်။

ဘော့စနီးယားနိုင်ငံ၊ မိုစတားရှိ United World ကောလိပ်ကလည်း အသက် ၁၆ နှစ်အရွယ်ရှိသော ကင်ဟန်ဆိုလ် ဟုခေါ်သည့် မြောက်ကိုရီးယားနိုင်ငံသားကို လက်ခံထားကြောင်း အတည်ပြုခဲ့သော်လည်း မည်သူမည်ဝါဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြော ကြား ရန်မူ ငြင်းဆိုခဲ့သည်။ သတင်းများမှာ ဆက်လက်ထွက်ပေါ်နေပြီး ယင်း YouTube account မှာ ပိတ်ထားကြောင်း သိရသည်။

ကင်ဟန်ဆိုလ်မှာ ကင်ဂျုံအီလ် ၏အကြီးဆုံးသား ကင်ဂျုံနမ်၏သား ဖြစ်ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ ကင်ဂျုံနမ် မှာ ကင် မိသားစုဝင်များထဲတွင် စကားကို ဗြောင်ပြောတတ်သူဟု ရှုမြင်ခံရပြီး လေဆိပ်များနှင့် မြောက်ကိုရီးယား နိုင်ငံအပြင်ဘက်တွင် မကြာခဏ တွေ့ရလေ့ရှိပြီး ပြည်ပသို့ သွားရောက်လည်ပတ်လေ့ရှိသူ ဖြစ်သည်။ ကင်ဂျုံနမ်မှာ ၂၀၀၁ ခုနှစ်က ဂျပန်သို့ ပတ်စပို့တုဖြင့် ၀င်ရောက်မှုဖြင့် တားဆီးခံခဲ့ရပြီးနောက် ကင်ဂျုံအီလ်၏ မျက်နှာသာပေးမှု မရရှိတော့ပေ။

Ref: Eleven Weekly

0 comments:

အပေါ်သို့