Thursday, October 13, 2011

ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဘန်ကီးမွန်း တိုက်တွန်း

2011-10-12

နိုင်ငံတကာ အသိုင်းအ၀ိုင်းက တောင်းဆိုထားတဲ့ အတိုင်း သမ္မတဦးသိန်းစိန်ရဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်းက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းရဲ့ပြောခွင့်ရ အမျိုးသမီး Soung-ah Choi က -


မြန်မာနိုင်ငံမှာ အစိုးရက နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးနေတာကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က အနီးကပ် စောင့်ကြည့် နေပါတယ်။ အခု လွှတ်ထဲအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါတယ် ဆိုပေမယ့် အကျဉ်းထောင် တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ ဘန်ကီမွန်းက မျှော်လင့်နေပါတယ်။ ဒါမှလည်း သမ္မတ ဦးသိန်းစိန် အနေနဲ့ လူ့အခွင့်အရေး အခြေခံမူတွေကို လေးစားလိုက်နာတယ်ဆိုတာ နိုင်ငံတကာကို လက်တွေ့ပြသနိုင် မှာ ဖြစ်ပါတယ်လို့ ပြောပါတယ်။

နောက်ဆုံးရရှိတဲ့ စာရင်းတွေ အရ လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်းတစ်ရာ့ ငါးဆယ်နီးပါး ရှိတယ်လို့ သိရ ပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့