Tuesday, October 11, 2011

ကျန်း​မာ​ရေး​ထောက်ပံ့​မှုမရ၍ နယ်စပ်လူနာများ​ အခက်​တွေ့

October 10, 2011

ထိုင်း​ – မြန်မာနယ်စပ်တ​လျှောက်မှာ ကျန်း​မာ​ရေး​အကူအညီ​ပေး​နေတဲ့​ နယ်စည်း​မခြား​ဆရာဝန်များ​အဖွဲ့​ MSF (​ခေါ်) အစိုး​ရ
မဟုတ် တဲ့​အဖွဲ့​တဖွဲ့​က အကူအညီ​တွေ ရပ်ဆိုင်း​လိုက်တဲ့​အတွက် ကုသ​နေဆဲလူနာ​တွေ အခက်​တွေ့​ ​နေရတယ်လို့​ နယ်စပ်ကျန်း​မာ​ရေး​လုပ်သား​တွေက ​ပြောပါတယ်။

ထိုင်း​ – မြန်မာနယ်စပ် ဘုရား​သုံး​ဆူနဲ့​ စံခရပူရီမြို့​နယ်ကြား​က နယ်စည်း​မခြား​ဆရာဝန်များ​အဖွဲ့​ MSF ​ဆေး​ခန်း​ကို စက်တင်ဘာလ ကုန်မှာ ပိတ်လိုက်တဲ့​အတွက် ကုသလက်စ လူနာ​တွေသာမက အ​ဝေး​ကလာ​ရောက် ကုသ​နေသူ​တွေပါ အခက်အခဲကြုံနေရ တယ် လို့​ ကရင်လူ့​အခွင့်​အ​ရေး​အဖွဲ့​က ကျန်း​မာ​ရေး​တာဝန်ခံ ဆရာ​စောဟား​ရေး​မူး​က ​ပြောပါတယ်။

“MSF မရှိတဲ့​နောက်ပိုင်း​က လူနာ​တွေက ​တော်​တော်ထိခိုက်တယ်။ အခက်အခဲ​တွေရှိတယ်။ ARV ​ဆေး​ကျ​တော့​ သူ့​ထောက်ခံမှုမရ​တော့​ ​ဆေး​မရ​တော့​ဘူး​။ အိပ်ခ်ျအိုင်ဗွီ ရှိတဲ့​လူအများ​ကြီး​ဆို​တော့​ အချိတ်အဆက်​တွေ လုပ်​ပေး​တာပဲ။ ကျ​နော်တို့​ လူနာကို အ​ထောက်အကူပြု​ပေး​ဖို့​ မရ​တော့​ လူနာ​တွေအတွက် အများ​ကြီး​ရင်​လေး​တယ်။ လူနာ​တွေကိုလည်း​ သနား​တယ်။”

ARV ​ဆေး​ကို မပြတ်​သောက်သုံး​နေရတဲ့​ HIV ​ဝေဒနာရှင်​တွေအတွက် ​ဆေး​ဝါး​ခက်ခဲသွား​ပြီး​ လူနာ​တွေအား​လုံး​လိုဟာ ထိုင်း​နိုင်ငံမှာ တရား​ဝင်​နေထိုင်ခွင့်​ လက်မှတ်မရှိတဲ့​အတွက် ထိုင်း​ဆေး​ရုံ​တွေဆီက အကူအညီရဖို့​ ခက်ခဲတယ်လို့​ ဆိုပါတယ်။

နယ်စည်း​မခြား ​ဆရာဝန်များ​အဖွဲ့​ထံက ငှက်ဖျား​ရောဂါတိုက်ဖျက်​ရေး​၊​ အဆုတ်နာ​ရောဂါကုသ​ရေး​အကူအညီ​တွေ ၂ နှစ်​ကျော် ရယူခဲ့​တဲ့​ လွတ်​မြောက်နယ်​မြေ မွန်အမျိုး​သား​ကျန်း​မာ​ရေး​ကော်မတီကလည်း​ နယ်စပ်ပြည်သူ​တွေကျန်း​မာ​ရေး​အတွက် စိုး​ရိမ် တယ်လို့​ ဆိုပါတယ်။

နိုင်ငံတကာက ကျန်း​မာ​ရေး​ အကူအညီအလှူရှင်​တွေကို ထပ်ရှာ​နေတယ်လို့​ မွန်အမျိုး​သား​ကျန်း​မာ​ရေး​ကော်မတီက ​ပြောခွင့်​ရ နိုင်​ကျေး​မွန်က ​ပြောပါတယ်။

“​တောထဲမှာ​နေ ​နေတဲ့​လူ​တွေက များ​တယ်။ ထိုင်း​ဘက်မှာ ​ဆေး​ခန်း​လည်း​မရဘူး​ဆို​တော့​ ​တောဘက်မှာပဲ ကျန်း​မာ​ရေး​လုပ်သား​တွေကိုပဲ သင်တန်း​ပေး​ပြီး​တော့​ ပြည်သူ​တွေကို ကြည့်​ရှု​စောင့်​ရှောက်​နေတယ်။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ ​ဆေး​ဝါး​ထောက်ပံ့​မှု​တွေကို မရဘူး​ဆိုရင် ပြည်သူလူထု​တွေကို အများ​ကြီး​ အခက်အခဲကြုံ​တွေ့​နိုင်တယ်။ သူတို့​ရဲ့​ကျန်း​မာ​ရေး​အတွက်။ လိုအပ်တဲ့​ ​ထောက်ပံ့​မှု​တွေကို ​ထောက်ပံ့​ကူညီနိုင်ဖို့​ နိုင်ငံတကာကိုလည်း​ ​တောင်း​ဆိုချင်ပါတယ်။”

MSF ရဲ့​စီမံကိန်း​တွေ ရပ်ဆိုင်း​သွား​လို့​ နယ်စပ်မှာ စုစု​ပေါင်း​ လူဦး​ရေငါး​သောင်း​ခန့်​ ရ​နေတဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အကူအညီရ​တော့​မှာ မဟုတ်ဘူး​လို့​ နိုင်​ကျေး​မွန်က ​ပြောပါတယ်။

MSF အဖွဲ့​ဟာ ထိုင်း​ – မြန်မာနယ်စပ်တ​လျှောက်မှာ ငှက်ဖျား​၊​ တီဘီနဲ့​ အိပ်ခ်ျအိုင်ဗွီ​အေအိုင်ဒီအက်စ်နဲ့​ သား​ဖွား​မီး​ယပ်​ဝေဒနာ သည်​တွေကို နှစ် ၃ဝ​ကျော် ကူညီခဲ့​တာပါ။ ဒီ​နောက်ပိုင်း​မှာ သူတို့​လုပ်ငန်း​တွေကို တဖြည်း​ဖြည်း​လျှော့​ချခဲ့​ရာက ​နောက်ဆုံး​အ​နေနဲ့​ ထိုင်း​နိုင်ငံ စံခရပူရီနဲ့​မြန်မာပြည် ဘုရား​သုံး​ဆူနယ်စပ်ရှိ ကျန်း​မာ​ရေး​စီမံကိန်း​ကို ယခုနှစ် စက်တင်ဘာလကုန်က ရပ်ဆိုင်း​သွား​ခဲ့​တာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့